Main menu

ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ (၂/၂၀၂၃) ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်‌ရေးသင်တန်း ပို့ချ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် (၁၁.၉.၂၀၂၃) ရက်နေ့ ၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် (၂/၂၀၂၃) ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်‌ရေးသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ရာ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းထွန်းမှ (၁၁.၉.၂၀၂၃) ရက်နေ့နှင့် (၁၂.၉.၂၀၂၃) ရက်နေ့တို့ဖြင့် (၂) ရက် သင်ကြားမည်ဖြစ်ပြီး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်ပါကြောင်း အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ပါသည်။

          ဆက်လက်၍ (၁၂.၉.၂၀၂၃) ရက်နေ့ ၊ နံနက် (၀၉:၃၀)  နာရီအချိန်တွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ ၊ ဦးမင်းမင်းဦး ၊ ဦးစီးအရာရှိမှ ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ အမှုထမ်းများအား သတင်းရေးသားရာတွင် (ဘ) (၆) လုံး အခြေခံကိုရေးသားပြီး သတင်းရေးသားနည်းနှင့် ပတ်သက်သည့် အကြောင်းအရာများ  ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ၊  ဦးကျော်စိုးရီ ၊ လက်ထောက်ညွှန်ကြားရေးမှူး စားသုံးသူကာကွယ်ရေးဥပဒေ ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (Consumer Information and Complaint Center – CICC) နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ တာဝန်ခံ ၊ ဒေါ်ဖြူဖြူလတ် ၊ လက်ထောက်ညွှန်ကြားရေးမှူးမှ စားသုံးသူများ အသုံးပြုသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိနှင့် အခြားသက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရယူထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများအား Power Point ဖြင့် အသီးသီး သင်တန်း ပို့ချခဲ့ပါသည်။ ညနေ (၁၆:၀၀) နာရီအချိန်တွင် သင်တန်းသူသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းအခမ်းအနား ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)