ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစံကြည် ဦးဆောင်၍ စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြန်မာနိုင်ငရဲတပ်ဖွဲ့ဝင်များ လိုက်ပါ၍ ပုသိမ်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချသောဆိုင်များတွင် စားအုန်းဆီ ဝယ်ယူရရှိမှုနှင့် စားအုန်းဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ယာယီဆီကုန်သည်များအသင်းမှ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် ကုမ္ပဏီများမှ ဝယ်ယူ၍ မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချနေသော ဆိုင်များသို့ သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချပေးလျက်ရှိပြီး အဆိုပါ ကုန်မျိုးစုံ ရောင်းချလျက်ရှိသောဆိုင်များတွင် စားသုံးသူ ပြည်သူများအတွက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့် ရောင်းချမှု စာရင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
DOCA(ဧရာဝတီ)