အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီး Sayhrul Yasin Limpo သည် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းဆန်ထုတ်လုပ်မှုအား တန်ချိန် ၅၅.၄၂ သန်းအထိ ရည်မှန်းထားပြီး ၂၀၂၃ ခုနှစ်အတွက် ရည်မှန်းထားသည့် တန်ချိန် ၅၄.၅ သန်းနှင့် နှိုင်းယှဉ်ပါက တိုးလာကြောင်း သိရှိရပါသည်။
လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန၏ လုပ်ငန်းအစီအစဉ်လေးရပ်အပေါ် အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၅၅.၄၂ သန်းနှင့် စပါးတန်ချိန် ၂၃ ဒသမ ၃၄ သန်း ထုတ်လုပ်နိုင်ရေးအတွက် ရည်မှန်းထားကြောင်း ၁၃-၉-၂၀၂၃ရက်၊ ဗုဒ္ဓဟူးနေ့၌ ပြည်သူ့ကိုယ်စားပြုလွှတ်တော် (DPR) ကော်မရှင် (၄) နှင့် အလုပ်သဘောတွေ့ဆုံမှုတွင် ဝန်ကြီး Limpo က ပြောကြားခဲ့ခြင်း ဖြစ်သည်။
အခြားကုန်စည်များအတွက် ရည်မှန်းချက်မှာ ငရုတ်တန်ချိန် ၃ သန်း၊ ကြက်သွန်နီ တန်ချိန် ၁.၇၄ သန်း၊ ပဲပုပ်ပဲ တန်ချိန် ၃၄၀,ဝဝဝ၊ ကြက်သွန်ဖြူ တန်ချိန် ၄၅၉၁ဝ၊ ကော်ဖီတန်ချိန် ၈၁၈ဝဝဝ၊ အုန်းသီးတန်ချိန် ၂.၉ သန်း၊ ကိုကိုးတန်ချိန် ၆၉၄ဝဝဝ၊ ကြံတန်ချိန် ၃၉.၄၅ သန်း၊ အမဲသားတန်ချိန် ထောင်ပေါင်း ၄၀၅.၄၄ နှင့် ကြက်သားတန်ချိန် ၄ သန်းတို့ ဖြစ်သည်။
အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် နိုင်ငံပိုင်အရပ်ဘက်ယန္တရား (ASNs) ၏ လစာ ရှစ်ရာခိုင်နှုန်း တိုးလာမှုကြောင့် ဘတ်ဂျတ်ပမာဏသည်လည်း ရူပီး ၇၆.၈ ဘီလီယံ (ဒေါ်လာ ၄.၉၉ သန်းခန့်) တိုးမြှင့်ရရှိထားကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်အတွက် ဝန်ကြီးဌာန၏ အမြင့်ဆုံး ဘတ်ဂျက်ကို ရူပီး ၁၄.၇၃ ရီလီယံ (အမေရိကန်ဒေါ်လာ ၉၅၈.၄၂ သန်း) သတ်မှတ်ထားပြီး အစီ အစဉ်လေးခုအတွက် ဘတ်ဂျက် ခွဲဝေပေးထားကြောင်း ဝန်ကြီး Limpo က ပြောကြားခဲ့သည်။
Source: Antara News, 13th September 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)