Main menu

“ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပဲတီစိမ်းစိုက်တောင်သူများသို့ GAP/ GHP သင်တန်းပို့ချလျက်ရှိ”

Powered by Drupal

သန်လျင်၊ ၁ - ၁၂ - ၂၀၂၁

          ဥရောပသမဂ္ဂနိုင်ငံများသို့ Beans Sprouting အတွက် ပဲတီစိမ်းများ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲတီစိမ်းတင်ပို့သည့် ကုမ္ပဏီများ စုပေါင်း၍ တောင်သူများသို့ GAP/ GHP သင်တန်းများ ပို့ချခြင်းကို ၂၀၁၄ ခုနှစ်မှစတင်၍ နှစ်စဉ်ဆောင်ရွက် လျက်ရှိပြီး (၂၀၂၁-၂၀၂၂) ပဲတီစိမ်းရာသီအတွက် ပဲစိုက်တောင်သူများသို့ သင်တန်းပို့ချခြင်းအား (၁.၁၂.၂၀၂၁) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း ဦးစီးမှူးရုံး၊ သန်လျင်မြို့နယ်၌ ကျင်းပခဲ့ပါသည်။

          အဆိုပါသင်တန်းသို့ သန်လျင်မြို့နယ်အတွင်းရှိ ချောင်းစောက်၊ ကရင်ဆိပ်၊ မင်္ဂလွန်း၊ သူဌေးကွင်းကျေးရွာ (၄)ရွာ မှ တောင်သူဦးရေ(၈၆)ဦး တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြများက SAP /SHP စိုက်ပျိုးရေးအလေ့အကျင့်ဟောင်းများကို သင်ကြားပို့ချခဲ့ကြောင်း   သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)