Main menu

“COVID-19 Fund မှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ”

Powered by Drupal

ရန်ကုန်၊ ၁ - ၁၂ - ၂၀၂၁

       COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးခဲ့မှုအပေါ် ချေးငွေရယူထားသည့် ကုမ္ပဏီ၊ လုပ်ငန်းများအား ချေးငွေများ၏ အတိုးနှုန်း (၁%) ကို သက်ဆိုင်ရာဘဏ်များသို့ ပေးသွင်းနိုင်ရေးအတွက် ချေးငွေရယူထားသော လုပ်ငန်းရှင်များအား အသိပေးအကြောင်းကြားမှုများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အတွက် (၁.၁၂.၂၀၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ စိစစ်ကြပ်မတ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ စုစုပေါင်း အဖွဲ့ဝင် (၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    ညှိနှိုင်းဆွေးနွေးပွဲတွင် စိစစ်ကြပ်မတ်ရေးအဖွဲ့၊ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိစစ်ကြပ်မတ်ရေးအဖွဲ့၊ အတွင်းရေးမှူးက လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းပြောကြားခဲ့ရာ အဖွဲ့ဝင်များက ချေးငွေရယူထားသည့် လုပ်ငန်းများသည် ချေးငွေ၏ အတိုးနှုန်း (၁%) ကို သက်ဆိုင်ဘဏ်များသို့ ပြန်လည်ပေးသွင်းနိုင်ရေးအား အထောက်အပံ့ပေးနိုင်မည့် လုပ်ငန်းစဉ်နှင့် အပြုသဘောဆောင်သော အကြံပြုဆွေးနွေးချက်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး စိစစ် ကြပ်မတ်ရေးအဖွဲ့၊ ဥက္ကဌမှ နိဂုံးချုပ် အမှာစကား ပြောကြားကာ ညှိနှိုင်းဆွေးနွေးပွဲအား (၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီး(ရန်ကုန်တိုင်းဒေသကြီး)