Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် လစဉ်လုပ်ငန်းညှိနှိုင်းနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

Powered by Drupal

    (၃၀-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး(ကိုယ်စား) ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ)ကဦးဆောင်၍ ပြည်နယ်/ခရိုင်များမှ ဝန်ထမ်းများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ပြုလုပ်ခဲ့ကြောင်းသိရသည်။

  အဆိုပါ အခမ်းအနားတွင် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအား အစီအစဉ်အတိုင်းကျင်းပခဲ့ရာ ရှေးဦးစွာ ဦးမျိူးဝင်းနိုင်(ဦးစီးအရာရှိ)က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဝန်ထမ်းများအားလုံးအား မိမိရာထူးနှင့်ကိုက်ညီသော လုပ်ငန်းတာဝန်များကို တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိစေပြီး ရုံးပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် လုံခြုံရေးတို့အတွက် အထူးဂရုစိုက်သင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ ပြည်နယ်/ခရိုင်များမှ ဌာနခွဲအလိုက် တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)က ပြန်လည်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

   အခမ်းအနားတွင် အစည်းအဝေးဆုံးဖြတ်ချက် ၁၁ချက်၊ ဆန္ဒဖော်ထုတ်ချက်(၅)ချက်ဆုံးဖြတ်ချမှတ်ဖော်ထုတ်နိုင်ခဲ့ပြီး ပြည်နယ်ရုံးရှိ ဝန်ထမ်း ၁၁ဦးတက်ရောက်ခဲ့ကြကြောင်းနှင့် အစည်းအဝေးကို နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။

DOCA(ကရင်)