Main menu

စက်ချုပ်သင်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဝါဆိုကျောင်း၌ စက်တင်ဘာလ ပထမအပတ်တွင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ရက်ကန်းနှင့် အသက်ပညာသင်တန်းကျောင်း(ကျောက်မဲ)မှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ အမျိုးသမီးများအတွက် ဝင်ငွေ တိုးရေးလုပ်ငန်း (စက်ချုပ်) သင်တန်းဖွင့်လှစ်ခဲ့ပါကြောင်းသိရှိရပြီး သင်တန်းကာလမှာ (၁) လကြာ ဖွင့်လှစ်ကြောင်းသိရသည်။

   အဆိုပါသင်တန်းတွင် စက်ချုပ်သင်တန်းသူ (၁၀) ဦးတို့အား စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဉပဒေတွင်ပါရှိသည့် စားသုံးသူကာကွယ်ရေး(၈)ချက်နှင့် စားသုံးသူများ လိုက်နာရမည့် တာဝန်(၄)ချက်များအကြောင်းကိုလည်းကောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ စားသုံးသူများ ကုန်စည်ဒိုင်နှင့် ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာ၌ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (CICC) ရုံးများသို့လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သည့် www.doca.gov.mm ၊ DOCA Myanmar Mobile Application ၊ Facebook Page (www.Facebook.com/DOCA.NPT)၊ Consumer Call Center နံပါတ် ( 1535) သို့လည်းကောင်း online မှဖြစ်စေ၊ စားသုံးသူရေးရာဦးစီးဌာန၏ ရုံးစိုက်ရာနေရာများတွင် ရုံးချိန်အတွင်း တယ်လီဖုန်းဖြင့် ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်း သိရရှိရပါသည်။

DOCA(ရှမ်း)