Main menu

ကန်ကြီးထောင့်မြို့နယ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ကွင်းများ အရှေ့ကျေးရွာ ကွင်းများ အရှေ့ကွင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၃၀ ရက်နေ့တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဦးစီးဌာန ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီး၍ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် ဝန်ကြီးများအစိုးရအဖွဲ့ဝင်များ စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးစိုးဦးနှင့် ဖိတ်ကြားထားသော တိုင်း/ခရိုင့်အဆင့်ဌာနဆို်ငရာများ တက်ရောက်ခဲ့ကြောင်းသိရသည်၊၊

       ယခုလို သဘာဝရေပြင်အတွင်းငါးမျိုးစိတ်များစိုက်ထည့်ခြင်းကြောင့် ငါးသယံဇာတများ တိုးပွားလာပြီး ဒေသတွင်း စားဝတ်နေရေးဖူလုံစေသည့်အပြင်ပိုလျှံသည်များကို ရောင်းချခြင်းဖြင့်လည်း ပတ်ဝန်းကျင်ကျေးရွာများရှိ မိသားစုများမှလည်း အပါဝင်ငွေရရှိမှာဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန မှပြောကြားပါသည်၊၊

DOCA( ဧရာဝတီ)