Main menu

စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်းနှင့်တွေ့ဆုံခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇူလိုင်လ (၅)ရက်နေ့က စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များအား စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံခဲ့ပါသည်။ စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်းသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှစတင်၍ အလုပ်အမှုဆောင်(၂၉)ဦး၊ အသင်းသား(၁၃၀ဝ)ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ အသင်းအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့(SRCCI)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ထားပြီး မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများစုပေါင်း၍ စစ်ကိုင်းမြို့၊ ဘော်ဂါရပ်ကွက်၊ ဘော်ဂါကျောက်ပုတီးဝိုင်းနေရာအဖြစ် တည်ထောင်၍ စီးပွားဖြစ် လုပ်ကိုင်နေကြပါသည်၊ အသင်းအနေဖြင့် လစဉ်အစည်းအဝေးများ၊ နှစ်စဉ်အစည်းအဝေးများ ပုံမှန်ဆောင်ရွက် လျှက်ရှိပြီး စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

            ဈေးကွက်များမှာ မန္တလေး၊ ရန်ကုန်နှင့် မူဆယ်(တရုတ်)ဈေးကွက်များ ရှိပါသည်။ ယခုအချိန်တွင် COVID-19 ရောဂါနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် အရောင်းအဝယ်ပါးလျက်ရှိကြောင်း ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်း အတွင်းရေးမှူးထံမှ သိရှိရပါသည်။

ခင်စောဝင်း(စစ်ကိုင်း)