Main menu

ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

                 စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး အနေဖြင့်   ရပ်ကွက်/ကျေးရွာနေ    စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော   ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်တွင် ၂၀၂၆ခုနှစ်၊ မေလ(၁)ရက်မှ(၁၅)ရက်အတွင်း ပြည်ခရိုင် ဦးစီးမှူးအနေဖြင့် ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန အစည်းဝေးခန်းမ၌ ရွှေတောင်မြို့နယ်မှ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအားလည်းကောင်း၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်မြို့နယ်တွင် မြို့သစ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေ ြည်သူများကို လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရွှေတောင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေး Talk Show ပွဲပြု့လုပ်ခြင်းနှင့် အပြင်ရှမ်းတန်းရှိ ယက္ကန်းကျောင်းဝန်ထမ်းများ ကိုလည်းကောင်း၊  ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် Videoတည်း ဖြတ်သင်တန်းသူ/ သင်တန်းသားများအား လည်းကောင်း၊  ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပေါက်ခေါင်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ ကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

                  အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများကစားသုံးရန်မသင့်ဟုတားမြစ်ထုတ်ပြန်ထားသောကုန်စည်များအားရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)