Main menu

တောင်ငူခရိုင် ဖြူးမြို့တွင် ဧည့်မထ(မိုး)ဆန်နှင့် မြေပဲဆီ ဈေးအနည်းငယ်ကျပြီး အခြေခံစားသောက်ကုန်အချို့ဈေးတက်

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့တွင် ၂၀၂၃ခုနှစ်၊ဇွန်လကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်ရှိရာမှ ယခုဇူလိုင်လတတိယအပတ်တွင် ၁၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး ဧည့်မထ(မိုး)မှာ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၇၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

       မြေပဲဆီမှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ရှိရာမှ ယခုဇူလိုင်လ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ပြန်လည်ကျဆင်းပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ကြက်သွန်နီမှာ အသေး၊ အလတ်ရော ၂၂၀၀ ကျပ်၊ အကြီး ၂၃၀၀ ကျပ်ဖြင့်  ဈေးနှုန်းတည်ငြိမ်နေပြီး ကြက်သွန်ဖြူမှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် အသေး ၇၀၀၀ ကျပ်၊ အလတ် ၈၀၀၀ ကျပ်၊ အကြီး ၉၀၀၀ ကျပ် ရှိရာမှ ယခု ဇူလိုင်လ တတိယအပတ်တွင် အကြီး ၉၅၀၀ ကျပ်အထိ ဈေးမြင့်တက်ပါသည်။

          ငရုတ်ခြောက် အရှည်မှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်ရှိပြီး ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်အထိဖြင့် ဈေးနှုန်း အနည်းငယ်တက်ပြီး အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၈၀၀ ကျပ်၊ အလတ် ၃၀၀၀ ကျပ်နှင့် အကြီး ၃၂၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

        ကုလားပဲခြမ်းမှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ၆၂၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ကုလားပဲလုံးမှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ၅၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပါသည်။

         မြေပဲဆံ(အဖြူ)မှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး မြေပဲဆံ(အနီ)မှာ ဇွန်လကုန်ပိုင်း က တစ်ပိဿာလျှင် ၈၈၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၂၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)