Main menu

ဖြူးမြို့နယ်၏ နဂါးမောက်သီးဈေးကွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး ဒေသမှထွက်သော နဂါးမောက်သီးများအား တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိရာ နှစ်စဉ် ဇွန်လ နောက်ပိုင်းမှစ၍ ရောင်းအားကောင်းလျက်ရှိပါသည်။

       နဂါးမောက်သီးတွင် အနီရောင်နှင့် အဖြူရောင်နှစ်မျိုးရှိပြီး ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်၍ လူတို့အတွက် အာဟာရများစွာပေးစွမ်းပါသည်။ ဖြူးမြို့ရှိ သစ်သီးအရောင်းဆိုင်များမှ နဂါးမောက်သီးများကို အလုံးအသေး အကြီးပေါ်မူတည်၍ တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ ရောင်းချပါသည်။

     ဖြူးမြို့တွင် လားရှိုးဒေသမှထွက်သော နဂါးမောက်သီးများအပြင် မိုးနှောင်းမှပေါ်သည့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းဒေသမှထွက်သော နဂါးမောက်သီးများကိုလည်း နှစ်စဉ် ရောင်းချပါသည်။

  ယခင်နှစ်ကဈေးနှုန်းများအရ လားရှိုးသီးနှင့် ကျောက်ပန်းတောင်းသီးတို့မှာ ဈေးနှုန်းတူသော်လည်း ကျောက်ပန်းတောင်းသီးက အချိုပိုလေးပါသည်။ ယခုနှစ်တွင် နဂါးမောက်သီးများ ရောင်းအားကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)