Main menu

တောင်ငူမြို့တွင် စားအုန်းဆီဈေးပြန်ကျပြီး ငရုတ်သီးခြောက်(ပု)နှင့် မြေပဲဆံဈေးတက်

Powered by Drupal

     တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ  တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ  ယခင်အပတ်က တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါသည်။

       ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး၊ အလတ်ရော ၂၂၀၀ ကျပ်၊ အကြီး ၂၅၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၂၅၀၀ ကျပ်၊ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၇၀၀၀ ကျပ်၊ အလတ် ၇၅၀၀ ကျပ်၊ အကြီး ၈၀၀၀ ကျပ်နှင့် တရုတ်ကြက်သွန်ဖြူ ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၉၀၀ ကျပ်၊ အလတ် ၃၂၀၀ ကျပ်၊ အကြီး ၃၄၀၀ ကျပ်၊ တရုတ်အာလူး ၃၄၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အာလူး တစ်ပိဿာလျှင် အသေး ၂၈၀၀ ကျပ်၊ အလတ် ၃၀၀၀ ကျပ်၊ အကြီး ၃၂၀၀ ကျပ်နှင့် တရုတ်အာလူး ၃၂၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပါသည်။

      ငရုတ်သီးခြောက် အပုမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အထိရှိရာမှ ယခုအပတ်တွင် တစ်ပိသာလျှင် ၂၂၀၀၀ ကျပ်၊ ငရုပ်သီးခြောက် အရှည်မှာ တစ်ပိဿာ လျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ငရုတ်သီးခြောက် အပွမှာ တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည် ငြိမ်နေပါသည်။

   မြေပဲဆံ(အနီ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၂၀၀ ကျပ်ဖြင့်ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)