Main menu

တောင်ငူမြို့တွင် ဆန်ဈေးတည်ငြိမ်ပြီး မိုးစပါးဈေးအနည်းငယ်တက်

Powered by Drupal

     တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်၊ ဧည့်မထ(မိုး) တစ်အိတ်လျှင် ၇၄၀၀၀ ကျပ်၊ ဧည့်မထ(နွေ) တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

  မိုးစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တင်း ၁၀၀ လျှင် ၂၁၀၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်တက်သွားပြီး နွေစပါးမှာ တင်း ၁၀၀ လျှင် ၁၅၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

 ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၃၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖွဲနုတစ်အိတ်လျှင် ယခင်အပတ်က ၂၇၀၀၀ ကျပ်မှ ယခုအပတ်တွင် ၂၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

    မတ်ပဲ(၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ယခင်အပတ်က ၁၁၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၁၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ပဲလွန်းဖြူ(၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ပဲတီစိမ်းမှာ ယခုအပတ်တွင်လည်း အရောင်းအဝယ်မရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)