Main menu

တောင်ငူမြို့တွင် ဒီဇယ်နှင့်ပရီမီယံဒီဇယ်ဈေးပြန်တက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၂၀၂၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၃၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၀၇၀ ကျပ်ရှိခဲ့ပါသည်။

      ယခုအပတ်တွင် တောင်ငူမြို့ ဖြိုးဝေကျော်စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၀၂၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၄၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၈၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၆၀ ကျပ်ရှိပါသည်။

    အုတ်တွင်းမြို့ Petro-K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၀၂၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၅၅ ကျပ် ရှိပါသည်။

   ရေတာရှည်မြို့ Green Luck စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၀၂၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၄၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၆၅ ကျပ် ရှိပါသည်။

   သို့ဖြစ်၍ ယခုအပတ်တွင် 92 RON နှင့် 95 RON တို့မှာ ယခင်အပတ်ကနှင့် ကွာခြားချက် မရှိလှသော်လည်း ဒီဇယ်နှင့် ပရီမီယံဒီဇယ်တို့မှ  ယခင်အပတ်ကထက် ဈေးတက်သွားကြောင်း သိရပါသည်။

DOCA(ပဲခူး)