Main menu

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း အခြေခံစားသောက်ကုန်များ ဈေးကွက် လိုအပ်ချက် ဖူလုံအောင် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

Powered by Drupal

      နေပြည်တော် ဩဂုတ် ၉ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း သည် ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံး အမှတ်(၃)၌ Virtual Zoom Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အခြေခံစား သောက်ကုန်များ ဈေးကွက် လိုအပ်ချက် ဖူလုံအောင် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဈေးနှုန်းကြီးမြင့် မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် သည်။ အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးကာလအတွင်း စားသုံးသူပြည်သူများ အခြေခံစားကုန်များကို သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု မဖြစ်ပေါ် စေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးတို့အတွက် ဈေးကွက်အတွင်းရှိ ကုန်စည် များ ၏ ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် လျက်ရှိ ပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့် ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ သက်ဆိုင်ရာ ဌာနများ၊ အသင်းအဖွဲ့လုပ်ငန်းရှင်များအနေဖြင့် အခြေခံစားသောက်ကုန်များ ဈေးကွက် လိုအပ်ချက် ဖူလုံအောင် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ ကူညီပံ့ပိုးပေးရမည့်ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး ပေးစေလိုပါကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသွား မည် ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က ကိုဗစ် ၁၉ ကူးစက်ရောဂါအား ရင်ဆိုင်ကျော်လွှားရာတွင် အခြေခံစားကုန်များအပါအဝင် ဆေးနှင့် ဆေးပစ္စည်း များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုးက ကိုဗစ် ၁၉ ရောဂါကူးစက် ပြန့်ပွားမှုထိန်းချုပ်ရေးကာလအတွင်း ကုန်စည် ကူးသန်းရေးတွင် ကိုဗစ် ၁၉ ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးလုပ်ငန်းကော်မတီ အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်း၌ ဈေးကွက်အတွင်း ကိုဗစ် ၁၉ ရောဂါနှင့် ပတ်သက်သည့် ဆေးနှင့် ဆေးပစ္စည်းအချို့ ပြတ်လပ် မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဆေးနှင့် ဆေးပစ္စည်းတင်သွင်းမှု ဆိုင်ရာ အခက်အခဲများကို OSS Task Force (ရန်ကုန်) အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေကို လည်းကောင်း၊ ပြည်ပမှ ဆေးနှင့် ဆေးပစ္စည်းများ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း မှ အမြန်ဆုံးတင်သွင်း နိုင်ရေးအတွက် နှစ်နိုင်ငံ သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးပြောကြားပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ စည်ပင်သာယာရေး ကော်မတီများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ မြန်မာ နိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်/ဘဲ မွေးမြူ ရေးလုပ်ငန်းရှင်များအသင်းတို့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက်၊ ကဏ္ဍ အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို တင်ပြဆွေးနွေးကြပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အခြေခံ စားကုန် များ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြင့်မှုများမဖြစ်ပေါ်စေရေးတို့အတွက် သက်ဆိုင်ရာ ဌာန များ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဖြည့်စွက် ရှင်းလင်း တင်ပြပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြ ချက်များအပေါ် ပြည်ပမှ တင်သွင်းမှုအပါအဝင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် အခြေခံ စားကုန် များ ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေး စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းကျောင်းရန် လိုအပ် ပါ ကြောင်း၊ Supply Chain တစ်လျောက် မြို့ကြီးများအလိုက်၊ ကုန်စည်အလိုက် ဖြစ်သင့် ဖြစ်ထိုက် သည့် ဈေးနှုန်းများကို တွက်ချက်သတ်မှတ်ထားသင့်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အတ္တ၊ ပရ မျှတသည့် ရောင်းဝယ်ဖောက်ကားမှုပုံစံမျိုး ဖြစ်စေလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဦးတည်ချက် (၉) ရပ်အနက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး ဟူ၍ ချမှတ်ထားသည်နှင့် အညီ ပြည်တွင်း၌ အခြေခံ စားကုန်များ ပိုလျှံအောင်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ လက်ရှိကာလတွင် စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသော်လည်း အနာဂတ်ကာလတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှုလုံလောက်အောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အများပြည်သူအသုံးပြုသည့် ဆေးနှင့် ဆေးပစ္စည်းများအပါအဝင် အခြေခံစားကုန်များ ဈေးကွက် အတွင်း ပြတ်လပ်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချမှုမရှိစေရေး သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူ များအနေဖြင့် စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လိုအပ်ပါကြောင်း၊ တက်ရောက်ဆွေးနွေးသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။