Main menu

ကန့်ဘလူမြို့၏ ဇူလိုင်လ၊ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော ငါးဈေးနှုန်းများ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ တီလားဗီးယားအကောင်လတ်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ ငါးဂျောင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးအုံတုံခုတ်သားတစ်ပိဿာလျှင်  (၁၆၀၀၀) ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ပုစွန်ဆိတ်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် (၃၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ငါးဈေးနှုန်းများအား ဇူလိုင်လ၊ ပထမအပတ်နှင့်နှိုင်းယှဉ်ပါက   ငါးကြင်းတစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဈေးနှုန်းမြင့်တက်ပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ငါးဒိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)