Main menu

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တို့တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၄၂၀၀) ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၄၂၀၀) ကျပ်ဖြင့် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီမြစ်သားအမျိုးအစား လက်လီဈေးမှာ အကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၂၀၀၀/၂၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) အလုံးသေးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၉၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ချင်းအညံ့တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ရှယ်စတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ဖြစ်နေပြီး ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူးအသေး/အကြီးတစ်ပိဿာလျှင် အမျိုးအစားအလိုက် (၃၅၀၀/၃၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း ဈေးတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် အနည်းငယ်ဈေးတက်လျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်ဖြစ်၍ ယခင်ဇွန်လကုန်ပတ်ထက် အနည်းငယ်မြင့်တက်နေပါသည်။ ခရမ်းသီးတစ်ပိဿာလျှင် (၁၀၀၀/၈၀၀) ကျပ်ရှိပါသည်။  ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၁၈၀၀/၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၀၀၀/၂၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ခါကြက်ဥ (တရုတ်) တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် အနည်းငယ်မြင့်ဈေးတက်လျက်ရှိကြောင်း၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပရာသီးတစ်လုံးလျှင် (၅၀) ကျပ်မှ (၁၀၀) ကျပ်နှင့် ကန်စွန်းရွက်တစ်စည်းလျှင် (၁၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည် ။

     ကြက်ဥလက်လီဈေးနှုန်းမှာ (အကြီး) တစ်လုံးလျှင် (၂၇၀) ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၂၈၀/၃၀၀) ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (cp) တစ်ပိဿာလျှင် (၁၄၀၀၀ ) ကျပ်မှ (၁၆၀၀၀) ကျပ်၊ ကြက်သား (ဗမာ) (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်ဖြစ်၍ ယခင်ဇွန်လ၊ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ ကြက်သား၊ အမဲသားဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သားဈေးမှာ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေးတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ အလတ်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှင့် အကြီးတစ်ပိဿာလျှင် (၆၅၀၀)  ကျပ်တို့ဖြစ်၍ငါးဈေးများမှာ ယခင်အပတ်ထက် ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

    စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိပါသည်။ စားအုံးဆီတစ်ပိဿာလျှင် (၈၃၀၀) ကျပ်၊ ဆယ်ပိဿာတစ်ပုံးလျှင် (၈၂၀၀၀) ကျပ်ဖြစ်၍  ယခင်အပတ်ထက် တစ်ပိသာလျှင် (၅၀၀) ကျပ်လျော့ကျကာ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)