Main menu

ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေသော ပဲတီစိမ်း

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ပဲတီစိမ်းမှာ ဧပြီလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇူလိုင်လ၊ ဒုတိယအပတ်ထိဝင်ရောက်လျက်ရှိကြောင်း၊ ဇူလိုင်လ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၅၃၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၂၀၀) တင်း/ (၃၉) တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းတစ်တင်းလျှင် (၄၀၀၀ဝိ/-) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ပဲတီစိမ်းတစ်တင်းလျှင် (၁၃၃၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊ ဇူလိုင်လ၊ ပထမအပတ်နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ပထမအပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၃၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ဇူလိုင်လ၊ ဒုတိယအပတ်နှင့် ပထမအပတ်တို့၌ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ တူညီပြီး ဈေးတည်ငြိမ်လျက်ရှိကြောင်း၊ တောင်သူများလက်ဝယ်တွင် လက်ကျန်နည်းပါးသဖြင့် ဝင်ရောက်မှုနည်းသော်လည်း   ဝင်ရောက်သမျှအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)