Main menu

မွန်ပြည်နယ် ရေထွက်ပစ္စည်းများ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    မော်လမြိုင်မြို့၌ ဇူလိုင်လ(ပထမအပတ်)တွင် ရေထွက်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ထိ မော်လမြိုင်ကုန်စည်ဒိုင်၏ ရေထွက်ပစ္စည်းလက္ကားဈေးနှုန်းများမှာ ငါးတန် ၁ပိဿာ/ (၅၀သားအထက်)ကျပ် ၃၄၀ဝ၊ငါးသလောက် ၁ပိဿာ/ (၃၀သား)ကျပ် ၁၆၇၀ဝ၊ ငါးမြစ်ချင်း ၁ပိဿာ/ (၇၀သား)ကျပ်၅၇၀ဝ၊ တီလားပီးယား ၁ပိဿာ/ (၃၀သား)ကျပ် ၇၅၀ဝ၊ကင်းမွန်(အကြီး) ၁ပိဿာ ကျပ် ၁၈၀ဝဝ၊ကကတစ် ၁ပိဿာ/ (၃၀သား)ကျပ်၁၇၇၀ဝ၊ ငါးကြင်းဖြူ ၁ပိဿာ ကျပ် ၁၃၅၀ဝ၊ ပလာတူး ၁ပိဿာ/(၁၀သား)ကျပ် ၆၀ဝဝ၊ ရေဘဝဲ(အကြီး) ၁ ပိဿာ ကျပ် ၂၅၀ဝဝ၊ ပလာလန်း ၁ပိဿာ/ (၃၀သား)ကျပ် ၆၅၀ဝ၊ ရွှေငါး ၁ပိဿာ/ (၁၀သား)ကျပ် ၅၅၀ဝ၊ ငါးရွှေကြီး ၁ပိဿာ ကျပ် ၁၂၂၀ဝ၊ ပုစွန်အပျော့(အကြီး) ၁ပိဿာ ကျပ် ၁၈၇၀ဝ၊ ပုစွန်အပျော့(အသေး) ၁ပိဿာ ကျပ် ၁၅၄၀ဝ၊ ပုစွန်ထုပ် ရေချို(အကြီး) ၁ပိဿာ ကျပ် ၅၃၀ဝဝ၊ ပုစွန်ထုပ် ရေချို(အလတ်) ၁ပိဿာ ကျပ် ၄၀ဝဝဝ၊ ၊ ပုစွန်ထုပ် ရေချို(အသေး) ၁ပိဿာ ကျပ် ၃၀ဝဝဝ၊ ငါးနပ်(အကြီး) ၁ပိဿာ ကျပ် ၄၀ဝဝဝ၊ ငါးနပ်(အလတ်) ၁ပိဿာ ကျပ် ၃၂၀ဝဝ၊ ငါးနပ်(အသေး) ၁ပိဿာ ကျပ်၂၃၀ဝဝ၊ ငါးကြံရွက် ၁ပိဿာ ကျပ် ၁၅၅၀ဝ၊ ငါးကွမ်းရှပ် ၁ပိဿာ ကျပ် ၄၈၀ဝဝ၊ငါးစာပြတ် ၁ပိဿာ ကျပ် ၂၅၀ဝဝ၊ ပုစွန်ခြောက်(အကြီး) ၁ပိဿာ ကျပ် ၇၅၀ဝဝ၊ ပုစွန်ခြောက်(အလတ်) ၁ပိဿာ ကျပ် ၆၀ဝဝဝ၊ ပုစွန်ခြောက်(အသေး) ၁ပိဿာ ကျပ် ၅၂၀ဝ၀ အသီးသီးဖြစ်ပေါ်နေကြောင်းသိရှိရသည်။ မွန်ပြည်နယ်မှ ထွက်ရှိသော ရေချို/ရေငန်ငါးများသည် ဒေသတွင်းငါးစားသုံးမှုဖူလုံသည့်အပြင် ပြည်တွင်း ဈေးကွက်သို့ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။ မွန်ပြည်နယ်မှ ပြည်ပသို့ငါးများ တိုက်ရိုက်တင်ပို့မှု မရှိသော်လည်း အအေးခန်းစက်ရုံ(၆)ရုံမှ ရေချို/ရေငန်ငါးများအား အေးခဲ၍ရန်ကုန်မြို့မှတဆင့် ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

DOCA(မွန်)