Main menu

မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လျက်ရှိ

Powered by Drupal

    မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။

          ယခုအချိန်တွင် ဒေသတွင်း ထွက်ကုန်မရှိသောကြောင့် ဒေသတွင်းခရမ်းချဉ်သီးများ ဝင်ရောက်မှုနည်းပါးပြီး ဈေးကွက်တွင် ရှမ်းပြည်နယ်၊ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျက် ရှိကြောင်းသိရသည်။ မုံရွာမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ခရမ်းချဉ် သီးဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယအပတ်)တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၅၀၀-၂၀၀၀ မှ ယခု ဇူလိုင်လ ဒုတိယအပတ်တွင် ကျပ် ၂၂၀၀-၂၄၀၀ အထိ ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်းနှင့် ဈေနှုန်းမြှင့်တက်ရခြင်းမှာ ဒေသတွင်းထွက်ကုန်မရှိခြင်း၊ ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများ ဝယ်ယူရောင်းချရာတွင် စက်သုံးဆီဈေးနှုန်းများကြီးမြင့်မှုအပေါ် သယ်ယူစရိတ် မြင့်မားခြင်းကြောင့် ဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)