Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ (၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ) ကျပ် ၁၂၀၀ မှ ၁၈၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၈၀၀ မှ ၁၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၅၀၀ မှ ၂၇၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၂၀၀၀ မှ ၃၅၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၀၀၀ မှ ၅၀၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၃၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၅၀၀ မှ ၂၆၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၈၀၀ မှ ၂၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၇၂၀၀ မှ ၇၅၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၆၃၀၀ မှ ၇၈၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၆၀၀၀ မှ ၇၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၃၀၀ မှ ၂၃၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၇၆၇၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၄၂၇၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၇၄၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၉၈၄၀)ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း (၃၀၅၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၀၈၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၈၃၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၄၈၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)