Main menu

၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း မြဝတီကုန်သွယ်ရေးဇုံသို့ အမယ်သစ်သီးနှံအနေဖြင့် မန်ကျည်းမှည့်နှင့်ကွမ်းသီးခြောက် ကုန်စည်စီးဝင်မှု ရှိခဲ့သော်လည်း ပြောင်းဆန်ဝင်ရောက်မှု လျော့ကျ

Powered by Drupal

     မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်ထိုင်းနိုင်ငံသို့ ကုန်သွယ်မှုပြုလျက်ရှိရာ ကုန်သွယ်မှုပြုရန်အတွက် မြဝတီကုန်သွယ်ရေးဇုန်သို့  လယ်ယာထွက်ကုန်ပစ္စည်းများကုန်စည်စီးဝင်မှု အခြေအနေများမှာ ယမန်နှစ် ၂၀၂၂ ခုနှစ်၊ဇွန်လအတွင်း အစေ့ထုတ်ပြောင်း ၁၁၂၈၉၅       တန်၊ ဆန်ကွဲ ၅၂၅၇ တန်၊  ဆန်မှုန့် ၆၃၉၈ တန်၊ ငရုတ်    ၈၅၄၆   တန်၊ ပဲတီစိမ်း ၁၃၅၀ တန်၊ ကြက်သွန်နီ ၁၁၀၃၇  တန်၊  နနွင်းတက် ၈၂      တန်၊မတ်ပဲ ၂၆၆၉    တန်၊ ချင်း(ဂျင်း) ၁၅ တန်၊ နှမ်းနက် ၂၇၀တန်ခန့်  ကုန်စည်စီးဝင် ဝင်ရောက်ခဲ့ သော်လည်း ယခုနှစ် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အစေ့ထုတ်ပြောင်း        ၉၉၄၁၀    တန်၊ ငရုတ်    ၂၉၅၅   တန်၊ ကြက်သွန်နီ ၅၀၂၅     တန်၊ မတ်ပဲ ၉၀တန်၊ ကွမ်းသီးခြောက်   ၁၂၆၀  တန်၊ နှမ်းနက်     ၆၀ တန်၊ နနွင်းတတ်    ၁၀၃  တန်၊ မန်ကျည်းသီး      တန် ၂၇၀ခန့်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

      မြဝတီကုန်သွယ်ရေးဇုန်သို့ ၂၀၂၂ ခုနှစ်၊ ဇွန်လနှင့် ၂၀၂၃ ခုနှစ် ၊ဇွန်လ ကာလတူ ကုန်စည်စီးဝင်စာရင်း နှိုင်းယှဉ်ချက်အရ အမယ်သစ်အနေဖြင့် ကွမ်းသီးခြောက်၊ မန်ကျည်းမှည့်  ဝင်ရောက်မှုရှိခဲ့ပြီး ဆန်ကွဲ၊ ဆန်မှုန့် ဝင်ရောက်မှုမရှိခဲ့ကြောင်းနှင့် ပြောင်းဆန်ဝင်ရောက်မှု အနည်းငယ် လျော့နည်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)