
ပန်းတနော်မြို့နယ်တွင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းသည် ဒေသခံများ၏ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကွမ်းညွှန်မျိုးများကို အောင်မြင်စွာစိုက်ပျိုးကာ ရန်ကုန်မြို့၊ ပြည်မြို့၊ ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးသော ကွမ်းညွှန့်မျိုးမှာ စင်ကာပူ ကွမ်းနုဝါ၊ ကမ်းနီ ဂွကွမ်းမျိုး၊ စိုက်ပျိုးကြောင်းသိရသည်။ ကွမ်းစိုက်ပျိုးဧက ၁ဧကရှိပြီး စိုက်ပျိုးချိန် များသောအားဖြင့် မိုးတွင်းနှင့် ဆောင်းတွင်း ဟု တစ်နှစ်လျှင် (၂) ကြိမ် စိုက်ပျိုးလေ့ရှိကြသည်။ ပန်းတနော်မြို့နယ်တွင် ကွမ်းစိုက်ပျိုးရာ၌ အောက်မြန်မာပြည် ကွမ်းစိုက်စနစ်အတိုင်း ကွမ်းညွှန် (အညွန့်ဖြတ်ပိုင်း) များကို အဓိက အသုံးပြုကြသည်။ ဒေသတွင်း ပျိုးထောင်ရောင်းချသူများရှိသကဲ့သို့ ပုသိမ်၊ မြောင်းမြနှင့် ဂွ စသည့် မြို့နယ်များမှလည်း ကွမ်းညွှန်မျိုးများကို ဝယ်ယူတင်သွင်း စိုက်ပျိုးကြပါသည်။ ကွမ်းတစ်ထောင်ခြံစိုက်ပျိုးလျှင် ဝါး၊ အမိုးအကာ (ကိုင်းရွက်) နှင့် လုပ်အားခအပါအဝင် ပျမ်းမျှ ကျပ် ၂ သိန်းကျော်ခန့် ကုန်ကျလေ့ရှိသည်။ စိုက်ပျိုး ၁ဧကတွင် ကွမ်းပင်ပေါင်း ၇သောင်းကျော် စိုက်ပျိုးကြောင်း သိရသည်။ ထိန်းကုန်းကျေးရွာတွင် ကွမ်းမျိုးများစိုက်ပျိုးပြီး အခြားဒေသများသို့ ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။ ၁ဧကကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၁၂ သိန်းခန့် ကုန်ကျကြောင်း သိရသည်။ ကွမ်းညွှန့်များ ပြန်လည်ရောင်းချမှုဈေးအနေဖြင့် ၁ ညွှန်းလျှင် ၃၀ကျပ်မှ ၃၅ကျပ် အထိရောင်းချရကြောင်း၊ ၁ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၉၀၀, ၀၀၀ ကျပ် ကျန်ရှိကြောင်း ကွမ်းညွှန့် စိုက်ပျိုးသူထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)
