Main menu

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ အ.မ.က(၃)ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

     ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်များ ဘေးအန္တရာယ် မကျရောက်စေရေး အတွက်ရည်ရွယ်၍ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အမှတ်(၃)မူလတန်းကျောင်းတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၅၇)ဦးအား (၂၀.၆.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၁:၀၀)နာရီ အချိန်တွင် စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ၊ ကုန်အညွှန်းဖော်ပြခြင်းနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်အချက်များကို သဘောပေါက်သိရှိနားလည်စေရန် ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)