
၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ စျေးကွက်အတွင်း သက်တမ်းလွန်ဆေးဝါးများ မရှိစေရေးအတွက် ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ရှောင်တခင်စစ်ဆေးဆောင်ရွက်ရာတွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ မြစ်ငယ်ရပ်တို့ရှိ လက်လီ/ လက်ကားဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးဝါးများ၊ ဆေးပစ္စည်းများတွင် သက်ဆိုင်ရာ ထောက်ခံချက်များ မပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် ဆေးပစ္စည်းရောင်းချနေမှုများ ရှိ/မရှိ၊ သက် တမ်းလွန်ဆေးဝါးများ ရောင်းချနေမှုများ ရှိ/မရှိစစ်ဆေးခြင်းနှင့် သက်တမ်းကုန်လွန်ဆေးများအား စဥ် ဆက်မပြတ် စစ်ဆေးဆောင်ရွက်၍ ရောင်းချမှုများ မရှိစေရေး ဆောင်ရွက်သွားနိုင်ရေးနှင့် သတ်မှတ် ဆေးဝါးရောင်းချမှုလိုင်စင်အလိုက် ခွင့်ပြုသတ်မှတ်ထားသည့် ဆေးဝါးများကိုသာရောင်းချရန်နှင့် ဆေး ဝါးများရောင်းချရာတွင်လည်း ဆရာဝန်ညွှန်ကြားချက်များဖြင့်သာ ရောင်းချရန်လိုအပ်သည့်ဆေးဝါးများ ကိုလည်း ဆေးစာညွန်ကြားချက်ပါရှိမှသာ ရောင်းချသွားနိုင်ရေး အသိပညာရေးဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။
DOCA (တနင်္သာရီ)
