Main menu

ဆော်ဒီအာရေးဘီးယားနိုင်ငံ၌ ဇူလိုင်လမှ စတင်၍ ရေနံထုတ်လုပ်မှု ထပ်မံလျှော့ချမည်

Powered by Drupal

၁။      ယခုနှစ် ဇူလိုင်လမှစတင်၍ နေ့စဉ်ရေနံစိမ်းစည်ပေါင်း ၁ သန်းအား ထပ်မံလျှော့ချ၍ ထုတ် လုပ်မည်ဟု ဆော်ဒီအာရေးဘီးယားနိုင်ငံက ပြောကြားခဲ့ပြီးနောက် ဇွန်လ ၅ ရက်၊ တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၀၆း၄၅ အချိန်ရှိ Brent ရေနံစိမ်းဈေးနှုန်းမှာ သောကြာနေ့ ‌ဈေးကွက်ပိတ် သိမ်းချိန် ဈေးနှုန်းထက် တစ်စည်လျှင် ၁.၀၂ ဒေါ်လာ တစ်နည်းအားဖြင့် ၁.၃% မြင့်တက်လျက် ၇၇.၁၅ ဒေါ်လာသို့ရောက်ရှိခဲ့ပြီး အမေရိကန် West Texas Intermediate ရေနံစိမ်းဈေးနှုန်း သည်လည်း တစ်စည်လျှင် ၁.၀၂ ဒေါ်လာ (၁.၄%) မြင့် တက်လျက် ၇၂.၇၆ ဒေါ်လာသို့ ရောက်ရှိခဲ့ ကြောင်း သိရှိရသည်။

၂။       အိုပက် (OPEC) အဖွဲ့ဝင်နိုင်ငံများကို ဦးဆောင်သည့် ဆော်ဒီအာရေးဘီးယားနိုင်ငံအနေ ဖြင့် မေလ၌ နေ့စဉ် ရေနံစိမ်းစည်ပေါင်း ၁၀ သန်းခန့်ကို ထုတ်လုပ်လျက်ရှိရာမှ ယခုနှစ်အတွင်း အကြီးမားဆုံး လျော့ချမှုအဖြစ် ဇူလိုင်လမှစတင်လျက် နေ့စဉ် ရေနံစိမ်းစည် ၉ သန်းသို့ လျှော့ချ ထုတ်လုပ်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ဆော်ဒီစွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ခြင်းဖြစ် သည်။

၃။      စင်ကာပူ DBS Bank မှ စွမ်းအင်ကဏ္ဍအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ Mr. Suvro Sarkar က ဆော်ဒီအာရေးဘီးယားသည် ၎င်း၏ ယခုနှစ် ဘဏ္ဍာငွေ အရအသုံးအစီအစဉ်ကို ညီမျှမှုရှိနေစေရန် အတွက် အဓိကကျသော ‌ရေနံဈေးနှုန်း တစ်စည်လျှင် ဒေါ်လာ ၈၀ အထက်၌ ရှိနေစေရေးကို အခြားသော အိုပက်အဖွဲ့ဝင်နိုင်ငံများထက် ပိုမိုလိုလားမှုရှိကြောင်း၊ သို့ဖြစ်ရာ ‌ရေနံဈေးနှုန်း မြင့် တက်မှုကို ထိန်းသိမ်းရန်နှင့် ရေနံဝယ်လိုအားအပေါ် သက်ရောက်မှုရှိနိုင်မည့် အလားအလာများကို လျှော့ချရန် လိုအပ်သည့် ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုပါ သည်။

၄။      ဆော်ဒီအာရေးဘီးယား၏ ရေနံလျှော့ချထုတ်လုပ်ရန် ထပ်မံဆုံးဖြတ်ချက်သည် ဇူလိုင်လ အတွင်း ရေနံစိမ်းဈေးကွက်၌ ဖြည့်ဆည်းရန်လိုအပ်ချက် တစ်ရက်လျှင် ရေနံစည်ပေါင်း ၃ သန်း ထက် ပိုမိုလျော့နည်းမှုကို ဖြစ်ပေါ်စေနိုင်ပြီး မကြာမီ သီတင်းပတ်များ၌ ဈေးနှုန်းများ မြင့်တက်စေ ရန် တွန်းအားပေးလိမ့်မည်ဟု နော်ဝေနိုင်ငံအခြေစိုက် Rystad Energy က ပြောကြားပါသည်။

၅။      အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ပါဝင်သော OPEC+ အုပ်စုသည် ယခင်နှစ်က ရေနံ ထုတ်လုပ်မှုကို နေ့စဉ် ရေနံစည်ပေါင်း ၂ သန်း လျှော့ချရန် သဘောတူညီခဲ့ကြပြီး ယခုနှစ် ဧပြီလ၌ လည်း ၎င်းတို့ဆန္ဒအလျောက် နေ့စဉ် ရေနံစည် ၁.၆၆ သန်း လျှော့ချထုတ်လုပ်ရန် သဘောတူညီ ခဲ့ကြရာ ကမ္ဘာ့ရေနံ ဝယ်လိုအား၏ ၃.၆% ရှိသော ပမာဏအဖြစ် နေ့စဉ် ရေနံစည်ပေါင်း ၃.၆၆ သန်း ကို လျှော့ချထားခဲ့ပြီးဖြစ်သည်။ ထိုသို့ ရေနံလျှော့ချ ထုတ်လုပ်ခြင်းကို မူလက ၂၀၂၃ ခုနှစ် ကုန်ဆုံး သည်အထိ ဆောင်ရွက်ရန်ဖြစ်သော်လည်း ဇွန်လ ၄ ရက်၊ တင်္ဂနွေနေ့တွင် ခုနစ်နာရီကြာ ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက် ထုတ်လုပ်မှုလျှော့ချမည့် ကာလကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ တိုးမြှင့်ရန် OPEC+ အုပ်စုက သဘောတူဆုံးဖြတ်ခဲ့ကြသည်။

၆။      ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းတစ်ရပ်ဖြစ်သော Goldman Sachs က အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်သည် ကမ္ဘာ့‌ရေနံဈေးကွက်ကို အတိုင်းအတာတစ်ခုအထိ လှုပ်ရှားမှုဖြစ်ပေါ်စေပြီး ဆော်ဒီအာရေးဘီးယားမှ နေ့စဉ် ရေနံစည် ၉ သန်းမျှကိုသာ ထုတ်လုပ်ရန် ထိန်းသိမ်းဆောင်ရွက်မှု ကြာမြင့်မည့်အပေါ်မူတည်၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၌ Brent ‌ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၁ ဒေါ်လာမှ ၆ ဒေါ်လာခန့် အထိ မြင့်တက်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Source: Business Recorder, 5 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)