Main menu

စားသုံးသူများ အလွယ်တကူဆက်သွယ်နိုင်မည့်စင်တာ Consumer Call Center

Powered by Drupal

စားသုံးသူနှင့်လုပ်ငန်းရှင်ပြည်သူများက စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်းကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍  Consumer Call Center ကို စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၁ခုနှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ပါသည်။

Call Center အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရုံးချုပ်၌ Main Site အဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတို့၌ Client Site များအဖြစ် လည်းကောင်း စတင်ထူထောင် တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်ဦးစီးမှူးရုံးတို့၌ Client Site များအဖြစ် တိုးချဲ့ တည်ဆောက် သွားမည် ဖြစ်ပါသည်။ Call Center သို့ ဆက်သွယ်ရာတွင် အလွယ်တကူမှတ်သားနိုင်မည့် ဂဏန်း၄လုံးပါ ဖုန်းနံပတ်(four digit number)အား အသုံးပြုနိုင်ရေးအတွက် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် Telecommunication Services Provider များသို့ ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါသည်။

Consumer Call Center သည် ဌာန၏ e-government ဖွံဖြိုးတိုးတက်ရေး အထောက်အပံ့ကောင်းတစ်ခုဖြစ်သည့်အပြင် စားသုံးသူပြည်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် ဌာနနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူလျှင်မြန်ချောမွေ့လာမည်ဖြစ်ပြီး ဌာန၏လုပ်ငန်း ဆောင်ရွက်မှုများအပေါ် ပိုမိုသိရှိနားလည်လာစေခြင်း၊ ဌာနအပေါ် ယုံကြည်ကိုးစားမှုရရှိလာနိုင်စေခြင်း၊ ဦးစီးဌာနနှင့် ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုအားကောင်းလာစေခြင်း  စသည့် အကျိုးရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။