Main menu

ဆန်စပါးသတင်း

Powered by Drupal

         မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်တွင် နွေစပါးစိုက်ဧက (၇)သိန်းကျော်နှင့် အခြားသီးနှံ စိုက်ဧက(၃) သိန်းကျော်၊ စုစုပေါင်းနွေသီးနှံ စိုက်ဧက(၁၀)သိန်းကျော်အတွက် ရေလှောင်တမံများနှင့်ဆည်များမှ စိုက်ပျိုးရေ စတင်ပေးဝေမည်ဖြစ်ကြောင်း၊ နွေစပါးကို ပဲခူးတိုင်းဒေသကြီး၌ အများအပြားစိုက်ပျိုးပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမှု နည်းပါးခြင်းမှာရေရှားသည့်ဒေသဖြစ်သဖြင့်ယခုနှစ်နွေရာသီတွင်လည်းအခြားသီးနှံကိုသာစိုက်ပျိုးမည်ဖြစ်ကြောင်း၊ယခုနှစ်မိုးရွာသွန်းမှုနည်းပါးခဲ့၍ ရေလှောင်တမံများထဲသို့ ရေဝင်ရောက်မှုနည်းပါးသော်လည်း နွေသီးနှံစိုက်ဧကမှာ ယခင်နှစ်အတိုင်းသာ လျာထားသော်လည်း တောင်သူများနှင့်တွေ့သောအခါပြောင်းလဲသွားနိုင်ကြောင်း၊နွေသီးနှံများ စိုက်ပျိုးရေရှိရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နွေစပါးစိုက်ဧက(၁၁.၈)သိန်းကျော်နှင့် အခြားသီးနှံ စိုက်ဧက(၃)သိန်း ကျော် စုစုပေါင်းစိုက်ဧက (၁၄)သိန်းခန့်နှင့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နွေစပါး စိုက်ဧက (၇.၈) သိန်းခန့်နှင့် အခြားသီးနှံစိုက်ဧက (၁.၇)သိန်းကျော် စုစုပေါင်း စိုက်ဧက(၉.၅)သိန်းခန့်ရေပေးဝေနိုင်ခဲ့ကြောင်းသိရှိရပါသည်။

        ယခုနှစ်တွင် ဆည်ရေနည်းပါးသဖြင့် နေပြည်တော်ရှိ ငလိုက်၊ဆင်သေ၊ရေဆင်းနှင့် မုန်းရေထိန်းတမံများမှ နွေစပါးအတွက် ရေပေးဝေနိုင်မှုမရှိတော့ပဲ သောက်သုံးရေသာပေးဝေနိုင်ကြောင်း၊ယခင်နှစ် မိုးကာလတွင် မိုးနည်းပါး ခဲ့၍ ဆည်များအတွင်းရေလျော့နည်းနေ၍ အချို့ဒေသများရှိ ဆည်များ၊ရေလှောင်တမံများ၊ကန်များအတွင်း ဆည်ရေ လက်ကျန်နည်းနေသောကြောင့် လာမည့်နွေသီးနှံစိုက်ရာသီတွင် စပါးအစား အခြားသီးနှံများကိုသာ အဓိကစိုက်ပျိုး စေမည်ဖြစ်ကြောင်း၊ ရေလက်ကျန်ကောင်းမွန်သည့် အချို့သောဆည်ကန်များရှိရာ ဒေသများတွင်သာ နွေစပါး စိုက်ပျိုးမှုများအတွက် ဆည်ရေရရှိမည်ဖြစ်ကြောင်း၊ ယခုနှစ်နွေရာသီတွင် ဆည်ရေဖြင့်စိုက်ပျိုးမည့် နွေစပါးဧက များမှာ ပဲခူးတိုင်းဒေသကြီးတွင် ဧက(၂)သိန်းခန့်၊ မန္တလေးတိုင်းဒေသကြီးတွင် ဧက(၀.၆၈)သိန်းခန့်၊ ရန်ကုန် တိုင်းဒေသကြီးတွင်(၀.၂၉)သိန်းခန့်၊ မကွေးတိုင်းဒေသကြီးတွင် (၀.၂၅)ဧကခန့်၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၀.၂၄) သိန်းခန့် စိုက်ပျိုးမည်ဖြစ်ကြောင်းသိရှိရပါသည်။

   နွေသီးနှံစိုက်ဧကများအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနအောက်ရှိ ရေလှောင်တမံ နှင့် ရေလွှဲဆည်စုစုပေါင်း(၉၀)ကျော်မှ စိုက်ပျိုးရေများပေးဝေသွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ ရေလှောင်တမံ၊ ဆည်၊ ကန်များနှင့် ရေလွှဲဆည်များအားလုံးမှာ(၁၀၀)ကျော်ထိရှိကြောင်းသိရှိရပါသည်။

ရင်းမြစ်-တောင်သူကြီးများဂျာနယ်