Main menu

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းလမ်းမကြီးရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၉)ရက်နေ့တွင် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းလမ်းမ ကြီးရှိ ဆေးဆိုင်များအား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ တရားဝင်မှတ်ပုံတင်၍ ရောင်းချခွင့်ရှိသော ဆေးဝါးများကို ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ခဲ့ရာတွင် တရားဝင်မှတ်ပုံတင်၍ ရောင်းချခွင့်ရှိသော ဆေးဝါးများကို ရောင်းချလျက်ရှိကြောင်းသိရသည်။

DOCA(တနင်္သာရီ)