Main menu

မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်ရှိ SA Bakery မုန့်တိုက်၌ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်း

Powered by Drupal

     ၂၁.၁.၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်မြင့်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်ရှိ SA Bakery မုန့်တိုက်မှ မုန့်ထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးပဒန်ဆွတ်အောင်နှင့် ဝန်ထမ်းများကို အသိပညာပေးဟော‌ပြောပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုအသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးကျော်မြင့်မှ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့်တာဝန်များ၊ ကုန်အညွန်းအမှတ်အသားဖော်ပြရန် သတ်မှတ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ Online Shopping နှင့်ပတ်သက်၍ သတိပြုသည့်အချက်များနှင့် တကိုယ်ရည်သန့်ရှင်းမှုနှင့် ကျန်းမာရေးဆိုင်ရာ အလေးထားလိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်