Main menu

ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက် အောင်ကောင်းဆက်ဆန်စက်မှ ဝန်ထမ်းများနှင့်အလုပ်သမားများအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

      ၂၁.၁.၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဟန်းတဲရပ်ကွက် အောင်ကောင်းဆက်ဆန်စက်မှ ဝန်ထမ်းများနှင့် အလုပ်သမား (၂၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အသိပညာပေး ဟောပြောရာတွင် ဒု-ဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်းများ၊ ဗန်းမော်ခရိုင်စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်သူများမှလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်