Main menu

အိန္ဒိယအစိုးရက ဆန်ကွဲတင်ပို့မှုမူဝါဒ ပြင်ဆင်ချက်ထုတ်ပြန်

Powered by Drupal

အိန္ဒိယနိုင်ငံ၌ ဆန်ကွဲတင်ပို့မှုကို ယေဘုယျအားဖြင့် တားမြစ်ထားသော်လည်း အခြားသောနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်အား ဖြည့်ဆည်းပေးရန်အတွက် သက်ဆိုင်ရာနိုင်ငံအစိုးရများမှ တောင်းဆိုလာပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခြားနိုင်ငံများသို့ ဆန်ကွဲတင်ပို့ခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မေလ ၂၄ ရက် ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယအစိုးရသည် ယခင်နှစ် စက်တင်ဘာလတွင် ဆန်ကွဲတင်ပို့မှုကို တားမြစ်ကန့်သတ်ခဲ့ပြီး ဘာစမာတီမဟုတ်သော ဆန်အမျိုးမျိုးတင်ပို့မှုအပေါ် ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်း ချမှတ်ခဲ့သည်။ သို့ရာတွင် ဒီဇင်ဘာလ၌ ဘာစမာတီမဟုတ်သော အော်ဂဲနစ် ဆန်ကွဲအပါအဝင် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ဖြင့် ထုတ်လုပ်သည့် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုကို ပြန်လည်ခွင့်ပြုခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ အိန္ဒိယနိုင်ငံ၏ ဆန်ကွဲကို တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၁၈.၂၉ သန်းဖြင့် တရုတ်နိုင်ငံက အများဆုံးဝယ်ယူတင်သွင်းခဲ့ပြီး ယင်းနောက်တွင် ဆီနီဂေါနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ အသီးသီးရှိကြကြောင်း သိရှိရသည်။

Source: Economic Times, 24 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)