Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဇီးတောကျေးရွာရှိ ကုန်စုံဆိုင်များအား ဈေးကွက်‌စောင့်ကြည့်ခြင်းနှင့် သခွားမွှေးစိုက်ခင်းလေ့လာဆောင်ရွက်ခြင်း

Powered by Drupal

          ၁၂.၁.၂၀၂၁ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျေးရွာအဆင့် ကျန်းမာရေးမှူး ၊ အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာအသင်းအဖွဲ့တို့နှင့်ပူးပေါင်း၍ ယင်းမာပင်မြို့နယ်၊ ဇီးတော(တောင်/မ) ကျေးရွာရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ယင်းသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက ဈေးဆိုင်ရှင်များအား ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပါဝင်သော ပစ္စည်းများ၏ ကုန်အညွှန်းကို မြန်မာဘာသာဖြင့် ဖော်ပြရန်၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ မဖြစ်မနေပါရှိရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်း၊ သက်တမ်းလွန် စားသောက်ကုန်များနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ရောင်းချရန်မသင့် ကြေညာထားသော ကုန်ပစ္စည်းများအား ရောင်းချခြင်း မရှိစေရန် ဆွေးနွေးပြောကြားပြီး ကျန်းမာရေး ရှု့ထောင့် စားသုံးသူရှု့ထောင့်အရ ထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျောက်ဆည်မြို့နယ်၊ ဗိုလ်မြင့်သူ ကုမ္ပဏီမှ ဇီးတောတောင်ရွာတွင် စိုက်ပျိုးထားသော သခွားမွှေးဧက (၄၀)  စိုက်ခင်းသို့ သွားရောက်ပြီး တစ်ဧက ကုန်ကျစရိတ် စိုက်ပျိုးထုတ်လုပ်မှု ၊ ဈေးနှုန်းဈေးကွက် ဖြန့်ဖြူးမှု အခြေအနေများအား ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)