Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပင်လည်ဘူးမြို့နှင့် ထီးချိုင့်မြို့ စည်ပင်သာယာဈေးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဦးသန်းပိုနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နှင့် ထီးချိုင့်မြို့ရှိ စည်ပင်သာယာဈေးများအတွင်း ရောင်းချနေသော ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့နှင့် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ဖြင့် ပူးပေါင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ စစ်ဆေးရာတွင် အဓိကအနေဖြင့် တားမြစ်ကုန်စည်များ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ကုန်စည်များအား ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း ရှိ၊မရှိ စစ်ဆေးခြင်းနှင့် ကုန်စည်များတွင် ကုန်ပစ္စည်း အမျိုးအစားအလိုက် မြန်မာစာဖြင့် ဖော်ပြရမည့် အချက်များ ထည့်သွင်းရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ရောင်းချသူ ဆိုင်ရှင်များအား ၎င်းတို့ရောင်းချသော ကုန်ပစ္စည်း အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ထည့်သွင်းရောင်းချနိုင်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ညွှန်ကြားချက် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး