Languages

Main menu

မိုးကောင်းမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောခြင်း

Powered by Drupal

      ၁၉.၁.၂၀၂၁ ရက်နေ့တွင် မိုးညှင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့ နယ်ကုန်းတန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ စားသုံးသူကာကွယ်ရေးအသိညာပေးဟောပြောပွဲကို Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ခဲ့ပြီး ဒုတိယဦးစီးမှူး ဦးဝင်းသိန်းဦးက စားသုံးသူကာကွယ်ရေးဥပဒေပါအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏အခွင့်အရေး နှင့်လိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားမှုအပေါ် စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်းနှင့် စီမံခန့်ခွဲမှုပြစ်ဒဏ်ချမှတ်ဆောင်ရွက်ခြင်း၊ အရေးကြီးကုန်စည်(၃)မျိုးအဖြစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ကြော်ငြာထားမှုအခြေအနေ၊ စားသုံးသူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများကိုသိရှိလိုပါက www.doca.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန