Main menu

သံဖြူဇရပ်နှင့် ဘီးလင်းမြို့နယ်ရှိ ဈေးများတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သော မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် ၁၂.၁.၂၀၂၁ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာရှိ ဈေးနှင့် ကျေးရွာအတွင်းရှိ စတိုးဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

         ထို့ပြင် ၁၈.၁.၂၀၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးရှိ စတိုးဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

      ထိုသို့စစ်ဆေးရာတွင် စတိုးဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော အစားအသောက်များတွင် စားသုံးရန်မသင့်သော ကုန်ပစ္စည်းများ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက်ကုန်များ၊ ဆေးဝါးများ၊ တားမြစ်တိုင်းရင်းဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်ပြည်နယ်)