Main menu

ဝိုင်းမော်မြို့၊ အမှတ်(၃)ရက်ကွက်ရှိ ရွှေပင်လယ်စတိုး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

Powered by Drupal

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေပင်လယ်စတိုး၌ ၁၈-၁-၂၀၂၁ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါဆွေးနွေးပွဲတွင် ရွှေပင်လယ်စတိုးရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများ ၊စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များ၊  ကုန်စည်၊ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် အခြေအနေများနှင့် ဌာနမှ စားသုံးသူတိုင်ကြားမှုများကို ဆောင်ရွက်ပေးသည့်အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်