Main menu

အိန္ဒိယနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော စားတော်ပဲ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

          အိန္ဒိယနိုင်ငံတွင် စားတော်ပဲများ ဝယ်ယူမှုများနေသော်လည်း ရောင်းချမှု လျော့ နည်းပါးနေသည့်အတွက်  ၁ ကီလိုဂရမ်တွင် ၁၀၀ ရူပီးထိ ဈေးနှုန်းများ ရောက်ရှိလာခဲ့ရာ နိုင်ငံအစိုးရမှ ကုန်စည်တင်သွင်းမှု တားမြစ်ချက်များ ထုတ်ပြန်ပြီး နောက်ပိုင်းတွင် လက်ကားစျေးနှုန်းများသည် ၂ နှစ်အတွင်း  ၁ ကီလိုဂရမ်ကို ၈၀ ရူပီးခန့်ထိ လေးဆဝန်းကျင် မြင့်တက်ခဲ့ပြီး ၂ လအတွင်း လက်ကားဈေးနှုန်း(၁၅-၂၀)% ထိရောက်ရှိလာခဲ့ပါသည်။

          ကုလားပဲစျေးနှုန်းများသည် စားတော်ပဲစျေးနှုန်းများထက် စျေးနိမ့်ပြီး ချပါတီ လုပ်ရာတွင်  ကုလားပဲအစား  စားတော်ပဲကို အစားထိုး၍မရသော်လည်း စားတော်ပဲ ဝယ်လိုအားကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း HMV Agro မှ စီမံခန့်ခွဲမှု မိတ်ဖက်ဖြစ်သူ  Mohit Upadhyay က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ သို့သော်လည်း ၂၀၀၅- ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် ကနေဒါ၊ အမေရိကန်နှင့် အခြားနိုင်ငံများမှ စျေးနှုန်း သက်သာစွာ တင်သွင်းခဲ့သော စားတော်ပဲများ  စျေးကွက်အတွင်း ပိုမိုဝင်ရောက်လာခဲ့ပြီး၊  နံပြား၊ ပဲပလာတာတို့ပြုလုပ်သူများသည် စျေးကြီးသော ကုလားပဲများကို  တစ်စိတ်တပိုင်း အစားထိုးရန် အသုံးပြုလာကြပါသည်။ အဆာပြေမုန့်လုပ်ငန်းများနှင့်  မုန့်စက်ရုံလုပ်ငန်းများသည် အခြားအရသာရှိသော မုန့်များပြုလုပ်ရာတွင် ပဲမှုန့် အသုံးပြုခြင်းများသည့် အတွက် ၂၀၁၆-၂၀၁၇ ခုနှစ်များတွင် စားတော်ပဲတင်သွင်းမှု တန်ချိန် ၃ သန်းထိ မြင့်တက်ခဲ့ ကြောင်း စာရင်းများအရ သိရှိရပါသည်။

         စားတော်ပဲ ၁ကီလိုလျှင် ၂၀-၂၂ ရူပီးဖြင့် တင်သွင်းခွင့်ပြုပြီးသည့် နောက်ပိုင်း စားတော်ပဲ စျေးနှုန်းများသည်  လက်ကားစျေးကွက်တွင် ပိုမိုမြင့်တက်လာခဲ့ပါသည်။ အိန္ဒိယအစိုးရက တင်သွင်းခွင့်ပိတ်ပြီးကာလနောက်ပိုင်းတွင် စားတော်ပဲ အမြောက်အများ ကို တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာကြသည်ဟု ကုန်သည်ကြီးများ ပြောကြား ခဲ့ပါသည်။

     “၂၀၂၀ပြည့်နှစ်တွင် ပထမဆုံးအကြိမ်အနေဖြင့် စားတော်ပဲစျေးနှုန်းများသည် တစ်နှစ်ပတ်လုံးတွင် ကုလားပဲစျေးနှုန်းများထက် ပိုမိုမြင့်တက်နေသည်ကို တွေ့ရှိရပါသည်။ အိန္ဒိယအစိုးရသည် ကုလားပဲအစား စားတော်ပဲများကို အစားထိုး အသုံးပြုခဲ့ရကြောင်း၊ စားတော်ပဲများသည် ကိုယ်ပိုင်စျေးကွက်ရှိသော်လည်း ၎င်းကို ကုလားပဲနှင့် အစားထိုး၍ မရနိုင်ပါကြောင်း “ အိန္ဒိယပဲ၊ ပြောင်း၊ နှမ်းအသင်းအဖွဲ့၏ ဉက္ကဋ္ဌ ဘီမယ်ကိုသရီ”မှ ပြော ကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် တစ်နှစ်လျှင် စားတော်ပဲ တန်ချိန် ၁.၅ သန်းခန့် စားသုံး ပြီး၊ ထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၅ သိန်းမှ ၆ သိန်း ကြားသာ ထုတ်လုပ်နိုင်သည်ဟု အသင်းအဖွဲ့၏ ဉက္ကဋ္ဌ ပြောကြားခဲ့ပါသည်။

       လက်ရှိ မွန်ဘိုင်းဈေးကွက်တွင် စားတော်ပဲ လက်ကားဈေးမှာ ၁ ကီလိုဂရမ်တွင် ၇၇ ရုပီးခန့် ရှိပြီး ၊ ခွဲခြမ်းသန့်စင်ပြီးသည့် ပဲများအနေဖြင့် ၁ ကီလိုလျှင် ၈၃ ရူပီးထိ ဖြစ်ပေါ် နေပါသည်။ ယခုနှစ်တွင် တောင်သူများ ဈေးကောင်းရခြင်းများကြောင့် ပြည်တွင်း စားတော်ပဲစိုက်ပျိုးမှုများ တိုးတက်လာနိုင်သည်ဟု မျှော်လင့်ရပါသည်။ ပဲတင်သွင်းမှု တားမြစ်ထားသော်လည်း အိန္ဒိယနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထိ တန်ချိန် ၂ သန်းခန့်  ဝင်ရောက်ခဲ့ပြီး တင်သွင်းမှုကို ခေတ္တဆိုင်းငံထားပါသည်။ အစိုးရ နှင့်ကုန်သည်များအကြား တရားရင်ဆိုင်ဖြေရှင်းနေရမှုများကြောင့် တန်ချိန် ၂ သိန်း ခန့်မှာဆိပ်ကမ်း၌ ရှိနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

ရင်းမြစ် - The Economic Times

ဘာသာပြန်- ဒေါ်ခင်မျိုးဆွေ  ( ဦးစီးအရာရှိ )