Main menu

ပဲတီစိမ်းသီးနှံဆိုင်ရာ အပတ်စဉ် ဈေးကွက်၊ ဈေးနှုန်း သုံးသပ်တင်ပြချက်

Powered by Drupal

စိုက်ပျိုးထွက်ရှိမှုအခြေအနေ

          ၂၀၂၁ခုနှစ် ပဲတီစိမ်း စိုက်ဧကအနေဖြင့် (၂,၉၄၉,၉၆၉) ဧက၊ အထွက်နှုန်း (၁၅.၇၀)၊ အထွက် တင်းပေါင်း (၄၆,၃၂၄,၃၄၉)တင်း ထွက်ရှိမည်ဟု ရည်မှန်းထားကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစာရင်းများအရ သိရှိရပါသည်။ ပဲတီစိမ်း ကမ္ဘာ့စိုက်ပျိုးမှုအနေဖြင့် (၇.၃) သန်း အထိရှိပြီး၊ ထွက်ရှိမှုမှာ (၅.၃)သန်း ထိရှိကြောင်း ကမ္ဘာ့ဟင်းသီးဟင်းရွက်စင်တာ စာရင်းများ အရ သိရှိရပါသည်။

ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          ပဲတီစိမ်း အဓိက စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနေသည့် ကုန်စည်ဒိုင်ကြီးများ၏ (၂၁.၁.၂၀၂၁)ရက်နေ့တွင် ဖြစ်ပေါ်နေသော ပဲတီစိမ်းတစ်တန် ဈေးနှုန်းများမှာ-

  •              (၁,၃၇၇,၉၀ဝိ/-) ကျပ်၊
  •              (၁,၂၄၅,၀၀ဝိ/-) ကျပ်၊
  •              (၁,၂၄၈,၀၀ဝိ/-) ကျပ်၊
  •              (၁,၂၇၃,၂၀ဝိ/-) ကျပ်၊

မူဆယ်ပေါက်ဈေးနှုန်း အနေဖြင့် (၅,၁၉၀) ယွမ် ဈေးဖြင့် ဈေးနှုန်း ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။      

ပြည်ပတင်ပို့မှုအခြေအနေ

          ပဲတီစိမ်းကို ယခု ဘဏ္ဍာနှစ် ၁.၁၀.၂၀၂၀ မှ ၈.၁.၂၀၂၁ ထိ ပင်လယ်ရေကြောင်းနှင့်နယ်စပ်မှ ပဲတီစိမ်း တန်ချိန်စုစုပေါင်း ​(၇၃,၈၈၇)၊ တန်ဖိုး (၆၅.၈၂၀) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး၊ ယခင် ဘဏ္ဍာနှစ် ကာလ တူထက် (၂၈,၇၆၀)တန် တင်ပို့နိုင်ခဲ့ပြီး၊ တန်ဖိုးအားဖြင့် (၂၉.၆၄၄)ဒေါ်လာသန်း ပိုမိုရရှိခဲ့ပါသည်။ (၈.၁.၂၀၂၁) ရက်နေ့၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ တင်ပြချက်စာရင်းများအရ ခန့်မှန်း လက်ကျန်မှာ (၆,၄၃၂)တန် ဖြစ်ပါသည်။

သုံးသပ်ချက်

မြန်မာနိုင်ငံမှ ပဲတီစိမ်းကို တင်ပို့ရာတွင် ကုန်သွယ်ရေးနည်းလမ်းများဖြစ်သည့် ပင်လယ် ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့်  ပြည်ပဈေးကွက်များသို့ အဓိက တင်ပို့ လျက်ရှိနေပါသည်။ ပဲတီစိမ်းကို အဓိကအားဖြင့် တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေပြီး၊ ယခုနှစ်တွင် ယခင်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့ပြီး  ယခင်နှစ်ကထက် ဈေးနှုန်းလည်း ပိုမိုမြင့်တက်ခဲ့ ပါသည်။

ယခုအပတ်တွင် အိန္ဒိယနိုင်ငံ၌ ပဲတီစိမ်း ဈေးကွက်မှာ ယခင်အပတ်ကထက် ဈေးနှုန်းများ ကျဆင်းခဲ့ပြီး၊ တရုတ်နိုင်ငံ၏ ပဲတီစိမ်းဈေးကွက်မှာ  ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် မြန်မာ့ပဲတီစိမ်း ဈေးနှုန်းများအနေဖြင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် လည်း ဈေးနှုန်းမှာ ပိုမိုရရှိခဲ့ပြီး၊ တင်ပို့မှုမှာလည်း ပိုမိုတင်ပို့နိုင်ခဲ့သည့်အတွက်ကြောင့် အလားအလာ ကောင်းများစွာရှရှိသည့် သီးနှံတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ပဲတီစိမ်း စိုက်ပျိုးမှုများသလို တင်ပို့မှု အပိုင်းတွင်လည်း အများဆုံးတင်ပို့နိုင်သည့် နိုင်ငံစာရင်းတွင် ပါဝင်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။

ပဲတီစိမ်းဈေးကွက်သည် အိန္ဒိယနိုင်ငံ၏ ဈေးကွက်တစ်ခုတည်းသာမဟုတ်ပဲ ကမ္ဘာ့ဈေးကွက် အနှံ့ကိုပါ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်သည့် အခြေအနေရှိသည့်အတွက်ကြောင့် တိုးချဲ့စိုက်ပျိုးသင့်သည့်  သီးနှံတစ်ခုဖြစ်ပါကြောင်း၊ သို့ရာတွင်လည်း အခြားနိုင်ငံများ၏ ပဲများ အရည်အသွေးမြင့်ပြီး ထုတ်လုပ်လာနိုင်ပါက မိမိတို့နိုင်ငံ၏ ပဲတီစိမ်း ဈေးကွက်ကိုပါ ယှဉ်ပြိုင်လာနိုင်ကြောင်း သတိပြုသင့်ပါသည်။  သို့သော်လည်း မတ်ပဲနှင့် ပဲစဉ်းငုံများထက် ပဲတီစိမ်းသည် ဈေးနှုန်း၊ ဈေးကွက် ပိုမိုကောင်းမွန်သည့် အတွက်ကြောင့် ပိုမိုစိုက်ပျိုးသင့်သည့် သီးနှံဖြစ်ကြောင်း တင်ပြအပ်ပါသည်။