ပြည်တွင်းကုန်သွယ်မှုသတင်းများ
မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာစားသုံးကြသည့် အစားအစာများတွင် ငါးပိသည်လည်း တစ်ခုအပါအဝင်ဖြစ် ပေသည်။ ငါးပိတွင် ရေချိုငါးပိနှင့် မျှင်ငါးပိဟူ၍ နှစ်မျိုးရှိပါသည်။ ထားဝယ် ဒေသတွင် မျှင်ငါးပိကို စိမ်းစားငါးပိဟု လည်းခေါ်သည်။ မျှင်ငါးပိကို မျှင်ကောင်(ပုဇွန်ငယ်တစ်မျိုးဖြင့်) ပြုလုပ်ရ၍ မျှင်ငါးပိဟု ခေါ်ဆိုကြသည်။ မျှင်ငါးပိ (ပုဇွန်ငါးပိ)၏

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းတွင် ရာသီပေါ်သီးနှံမျိုးစုံကို စိုက်ပျိုး ရောင်းချလျက်ရှိပြီး ဒန့်သလွန်သီးသီးနှံကို နေအိမ်ခြံဝန်းအတွင်း တစ်ပင်နှစ်ပင်ခန့် စိုက်ပျိုးကြပါ သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝယ်မြို့ရှိ ကျေးရွာများမှ ဒေသခံတောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေ ရရှိစေရေး ရွှေဖရုံသီးများ တနိုင်တပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် မိမိတို့စိုက်ခင်းမှထွက်ရှိလာသော ရွှေဖရုံသီးများကို ထားဝယ်မြို့ ပေါ်ဈေးများကိုယ်တိုင်ရောင်းချခြင်း (သို့) တစ်ဆင့် ပြန်လည်ရောင်းချသူများအား ဖော

ကျောက်ဖရုံသီးကို နေရာဒေသမရွေး စိုက်ပျိုးကြပါသည်။ ကျောက်ဖရုံသီးကို တန်ခူး၊ ကဆုန်မိုးဦးကျကာလတွင် စိုက်ပျိုးကြပြီး မိုးတွင်းတတွင်းလုံး အပင်ဖြစ်ထွန်းပြီး အသီးအမှည့်များ ဝေဝေဆာဆာဖြစ်ထွန်းကာ တော်သလင်း၊သီတင်းကျွတ်တွင် အသီးများခူးဆွတ်ရပါသည်။

မုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။အေးသောဒေသကိုပို၍ နှစ်သက်သည်။မုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့် ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဉ် မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။
