Main menu

မန္တလေးစျေးကွက်ရှိ ဆီနှင့်ဆီကြိတ်ဖတ်စျေး

Powered by Drupal

        မန္တလေးစျေးကွက်အတွင်း တိရိစ္ဆာန်အစာဆီကြိတ်ဖတ်အမျိုးမျိုး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီ ကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များဖြစ်ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲဆီ ၁၃၀၀ဝိ/- နှင့်၁၅၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၆၀၀ဝိ/- နှင့် ၆၂၀ဝိ/-၊နှမ်းဖတ် ၃၆၀ဝိ/-နှင့်၃၈၀ဝိ/-၊နေကြာဖတ် ၃၀၀ဝိ/-နှင့် ၃၂၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါ သည်။

DOCA(မန္တလေး)