Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
09 May 2025

          မြင်းခြံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တောင်သူများသည် မိမိတို့ အိမ်ခြံဝန်းအတွင်းသော်လည်းကောင်း၊ ယာမြေများ၌ အဓိကစိုက်ပျိုးသည့်ရာသီ သီးနှံအပြင် မြေနေရာလွတ်များတွင်ဖြစ်စေ၊ လယ်ယာမြေကန်သင်ရိုးများတွင်ဖြစ်စေ အပိုဝင်ငွေရရှိနိုင်သည့် သီးပင်စားပင်များကိုလည်းစိုက်ပျိုးကြရာ စားဖိုဆောင်သီးနှံဖြစ်သော ပဲသီးတောင့်ရှည်ကိုလည်း တိုင်ထောင်၍ အ

09 May 2025

   ဟင်္သာတခရိုင်တွင်အစေ့ထုတ်ပြောင်းကို  ဆောင်းသီးနှံအဖြစ်စိုက်ပျိုးပြီး မြေနုကျွန်းများ၊ သဲဆန်သော ကိုင်းမြေများ၊ မြစ်ကမ်းပါးများတွင်စိုက်ပျိုးကြပါသည်။ ယခု ၂၀၂၄ -၂၀၂၅  ခုနှစ် တွင် ဟင်္သာတ ခရိုင်၌ အစေ့ထုတ်ပြောင်းစိုက်ဧက ၁၅၃၈၃ ဧက စိုက်ပျိုးပြီး ယခင်နှစ်ကထက် ဧက သုံးထောင်ကျော် လျော့နည်း စိုက်ပျိုးခဲ့ပါသည်။

09 May 2025

           မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ အလှူအတန်း၊ မင်္ဂလာဆောင်များ၊ သာရေး၊ နာရေးနှင့် ပွဲလမ်းသဘင်များ၌ အခြားအသားငါးများအပြင် ငါးခြောက်ချက်ပြုတ်ဧည့်ခံကျွေးမွေး မှုများလည်းရှိရာ ယခုလိုပွင့်လင်းရာသီတွင်  ငါးခြောက်ရောင်းချမှုများကောင်းကြောင်း မြင်းခြံမြို့ မြို့မစည်ပင်သာယာဈေးရှိ ရေချိုရေငန်ငါးပိ၊ ငါးခြောက်ရောင်းချသူများထံမှ သိရှိရသည်။

09 May 2025

         ဆောင်းရာသီမှစတင်ပေါ်နေသော ကန်စွန်းဥသည် ယခုနွေရာသီကူးပြောင်းစအချိန်တွင် လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ကန်စွန်းဥပြုတ်၊ ကန်စွန်းဥယိုတို့သည် လွန်စွာမှအညာဒေသရဲ့ ကြိုက်နှစ် သက်သောအစားအစာတစ်မျိုးဖြစ်ပါသည်။ အလှူပွဲ၊ မင်္ဂလာဆောင်၊ အိမ်တက်၊ ဘုရားပွဲများတွင် လည်း ဧည့်ခံကျွေးမွေးကြပါသည်။

09 May 2025

     နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အိမ်တိုင်းလိုလိုတွင် နှစ်ရှည်ပင် မကျည်းသီးပင်များ စိုက်ပျိုးကြပါသည်။ ယခုအခါ ရာသီပေါ် မကျည်းသီးမှည့်ရည့်မှည့်ချိန် ဖြစ်ပါသည်။ မန်ကျည်းသီးမှည့် သည်အပူဒဏ်ကို ကောင်းစွာခံနိုင်ပြီး  အပူကိုအကြောင်းပြုဖြစ် သောရောဂါများ အပူလွန်များ အတွက်  အကိုးအားထားပြုရသော ဆေးဖက်ဝင် အစာအဟာရ တစ်မျိုးလည်း ဖြစ်ပါ

Pages