Main menu

ပဲစဉ်းငုံစေ့(အစို)မိတ္ထီလာဈေးကွက်တွင်စတင်မြင်တွေ့

Powered by Drupal

           မိတ္ထီလာခရိုင်အတွင်း ကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးကြရာ ပြည်ပပို့ကုန်သီးနှံဖြစ်သည့် ပဲစဉ်းငုံသီးနှံကိုလည်း အဓိကစိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံသီးနှံသည် မိုးသီးနှံဖြစ်၍ ဇွန်လတွင်စိုက်ပျိုး ကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းကြရာ ယခုအခါတွင် ပဲစဉ်းငုံစေ့(အစို)များ စတင်၍ ဈေးကွက်တွင်မြင်တွေ့နေရပြီဖြစ်ပါသည်။ ပဲစဉ်ငုံစေ့(အစို)များကို ပြုတ်၍သော်လည်း ကောင်း နှပ်၍သော်လည်းကောင်း စားကြကြောင်းသိရပါသည်။ ပဲမျိုးစုံရှိတဲ့အထံမှာမှ ပဲစဉ်းငုံသီးသည် လူနှင့်ပိုတည့်သည်ဟု ရှေးလူကြီးသူမများကအယုံအကြည်ရှိကြပါသည်။ပဲစဉ်းငုံသီးထဲတွင်ပိုတက်စီယမ်သတ္ထုဓါတ်အဓိကအများဆုံးပါရှိ၍သွေးဖိအားကိုလျော့ချပေး၍ သွေးတိုးရောဂါရှိသူ များစားသုံးရန်သင့်တော်သော ပဲတစ်မျိုးဖြစ်ပါ သည်။

          ဈေးနှုန်းအနေဖြင့် မိတ္ထီလာမြို့ဈေးကွက် နိုဝင်ဘာလ တတိယပတ်တွင် ပဲစဉ်းငုံစေ့(အစို) နို့ဆီဗူးတစ်ဗူးလျှင်(၁၀၀၀ မှ ၁၃၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရပါသည်။

DOCA(မန္တ‌လေး)