Main menu

ဆောင်းရာသီဒေသထွက် ဟင်းညံ့ဖူး

Powered by Drupal

           သာစည်မြို့မဈေးတွင် အသား/ငါး ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံမျိုးစုံ ရောင်းချလျှက် ရှိပြီး နေ့စဉ်ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားလျှက်ရှိပါသည်။ ဟင်းသီးဟင်းရွက်ဈေးတန်းတွင် နေ့စဉ် ဘူးသီး၊ဘူးညွန့်၊ဟင်းရွက်စုံများအပြင် အတို့အမြုပ်အစုံများရောင်းချလျှက်ရှိရာ ယခုလို မိုးရာသီအကုန် ဆောင်းရာသီအစတွင် ရာသီစာဟင်းညံဖူးများလည်း ရောင်းချလျှက်ရှိပါသည်။ ဟင်းညံ့ဖူးများကို အသား/ငါးဖြင့် ရောနှောချက်စားကြသလို၊ ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်စသည် တို့ဖြင့် ရောနှော၍ ချဉ်ရေဟင်းချက်စားကြသည်။

          ယခုအခါ ပေါ်ဦးပေါ်ဖျားဟင်းညံ့ဖူးများကို စားသုံးသူများကြိုက်နှစ်သက်ကြသည့်အတွက် အရောင်းအဝယ်သွက်ကြောင်း ၊ဟင်းညံ့ဖူး (၁၀)ပင်ပါ တစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျှက် ရှိပြီး ဟင်းညံ့ခူးဆွတ်ရောင်းချသူများအနေဖြင့် ရာသီချိန်တွင် အပိုဝင်ငွေများ ရရှိလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)