Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
14 May 2025

     နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဒေသအလိုက်ပေါက်ရောက်နေသော ငုပင်များ   နှင့် ကန်သင်းများများတွင် လည်းစိုက်ပျိုးထားသည့် ငုပင်များမှ မတ်လနှင့် ဧပြီလများတွင် အသီးများမှ အစေ့များ ရင့်ခြောက်ပြီး ရရှိလာသည့် အစေ့များအား အခြောက်ခံ၍ ပရဆေးကုန်ကြမ်း    အဖြစ်ရောင်းဝယ်လျှက်ရှိပါသည်။

14 May 2025

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် သလဲသီးများကို ရောင်းချလျက်ရှိပါသည်။ သလဲသီးများကို နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်းသိရသည်။

14 May 2025

           ထန်းသီး (Ice Apple)ကိုမြိတ်မြို့၊ဘုရားကိုင်လမ်းမတန်းနှင့် ကန်ကြီးရပ်ဘုရားကြီး တန်းလမ်း မတွင် အရောင်းသွက်လျက်ရှိသည်။ကျန်းမာရေးအတွက်များစွာ အထောက်အကူ ဖြစ်စေသည့်အပြင် ငှက်ပျောသီးနှင့်စားသုံးရန် မသင့်တော်သောအသီးတစ်မျိုးဖြစ်သည်။ မိတ် ပေါ်တွင်ထန်းသီးဆံကို ကပ်ပေးခြင်းဖြင့်မိတ်ရောဂါကို သက်သာစေသည်။ တပို့တွဲလနှင့်တ ပေါင်းလတွင် စတင်သီးချိန်ဖြစ်ပ

14 May 2025

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ဘုရားကြီးဈေးရှိ အသီးမျိုးစုံ ရောင်းချနေသည့်ဆိုင်များတွင် ကြက်မောက်သီးများကို စတင်ရောင်းချနေကြောင်းသိရသည်။ ရာသီပေါ် ကြက်မောက်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

14 May 2025

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဈေးကွက်အတွင်းသို့ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Pages