ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လင်းလွန်းပင် ကျေးရွာအုပ်စု၊ ပုဇွန်ချောင်းကျေးရွာ၊ ဓနုဖြူမြို့နယ်တွင် ကြယ်တာရာပန်းကို ဦးမြဆိုင်၏ ခြံမြေ ၀.၅၀ ဧက တွင် စိုက်ပျိုးထားကြောင်း သိရသည်။ ဓနုဖြူမြို့နယ်တွင် လယ်မြေသီးနှံများ စိုက်ပျိုးကြသလို ခြံမြေဥယာဉ်များကိုလည်း စိုက်ပျိုးကြပြီး အိမ်တွင်းလက်မှုလုပ်ငန်းများ၊ တပိုင်တနိုင်မုန့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ဟင်းနုနွယ်ပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ဒေသထွက်ရွှေဖရုံသီးများ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

စံပယ်ပန်းသည် မွှေးကြိုင်သောသင်းရနံ့နှင့် အဖြူရောင်အဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သော ပန်းဖြစ်သည်။ စံပယ်ပန်းပင်သည် ချုံပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ “ဂျက်စမင်နမ်ဆမ်ဗက်” ဖြစ်သည်။ အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိနှင့် စံပယ်နွဲ့ ဟူ၍ စံပယ်အမျိုး မျိုးရှိသည်။
