
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ကို နတ်တလင်းမြို့၊ ဖျာပုံမြို့နှင့် ရန်ကုန်မြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ငဖန့်ဝိုင်းငါးပိကောင်(၁)ပိဿာလျှင် ကျပ်(၃၆၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကျပ်(၃၄၀၀၀) ဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုလတွင် ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း၊ သယ်ယူစရိတ်မြင့်လာသည့်အတွက် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)
