ပြည်ပကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နိုင်ငံတော်ဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းကို နိုဝင်ဘာ ၂၈ ရက်တွင် ၂၅၁၅၅ VND/USD ဖြင့် ယခင်နေ့ထက် ၃ VND တိုးမြှင့်သတ်မှတ်ခဲ့သည်။ လက်ရှိကုန်သွယ်မှုပမာဏ၏ +/- 5% ဖြင့် နေ့စဉ်အတွင်း ကူးသန်းရောင်းဝယ်ရေးဘဏ်များအတွက် အသုံးပြုနိုင်သော အမြင့်နှုန်းမှာ 26,413 VND/USD နှင့် ကြမ်းခင်းနှုန်း 23,897 VND/USD ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် ပို့ကုန်တိုးချဲ့ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်မှန်းထားသော ကြောင့် ကုန်သွယ်မှုမြှင့်တင်ရန် အခြေခံကျသော အတွေးအခေါ်နှင့် ချဉ်းကပ်မှု လိုအပ်ကြောင်း ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီမှ ဒါရိုက်တာ Vu Ba Phu က နိုဝင်ဘာ ၂၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်း၌ ကျင်းပသော ဗီယက်နမ်ပို့ကုန်မြှင့်တင်ရေးဖိုရမ် 2025 တွင် ပြောကြား ခဲ့သည်။ ကမ္ဘာ

သီရိလင်္ကာနိုင်ငံသည် ယခုနှစ် ပထမ ၁၀ လအတွင်း တင်ပို့ကုန်များမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၄၃ ဘီလီယံ ရရှိခဲ့ရာ ယမန်နှစ် အလားတူကာလ ကထက် ခြောက်ရာခိုင်နှုန်း မြင့်တက်လာကြောင်း ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(အီးဒီဘီ)က နိုဝင်ဘာ ၂၅ ရက်တွင် ပြောသည်။

စက်တင်ဘာလအတွင်း ဘရူနိုင်းနိုင်ငံ၏ ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးမှာ ဘရူနိုင်းဒေါ်လာ ၁ ဒသမ ၇ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံ) အထိ ရောက်ရှိခဲ့ကြောင်း ဘရူနိုင်းနိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းအင်းများအရ သိရသည်။

ဂြိုဟ်တုဆက်သွယ်ရေးစျေးကွက်၌ ထောက်ပံ့မှုအမျိုးမျိုးပေးနိုင်ရန်နှင့် စီးပွားဖြစ်အာကာသ လုပ်ငန်းနှင့် ဝေဟင်နိမ့်ပျံစီးပွားရေးကဲ့သို့ ထွန်းသစ်စစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ပေးနိုင်ရန်နှင့် လုံခြုံစိတ်ချရပြီး ကြံ့ခိုင်သည့်ထောက်ပံ့မှုပေးနိုင်ရန် တရုတ်နိုင်ငံက Internet of Things (IoT) ဝန်ဆောင်မှု ဂြိုဟ်တု စီးပွားဖြစ် စမ်းသပ်လုပ်ဆော

ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ (G20) အနေဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှု တုံ့ဆိုင်း နေချိန်တွင် ညီညီညွတ်ညွတ်ရှိရေးအတွက် တစ်စိုက်မတ်မတ်လုပ်ဆောင်ရန်၊ လွတ်လပ်စွာ ကုန်သွယ်မှုကို ခိုင်ခိုင်မာမာထိန်းသိမ်းကာ တံခါးဖွင့် ကမ္ဘာ့စီးပွားရေးစနစ်ကို ဖော်ဆောင်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နိုဝင်ဘာ ၂၂ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။

နီပေါနိုင်ငံသည် လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမလေးလအတွင်း နိုင်ငံခြားကုန်သွယ် မှု ဆက်လက်မြင့်တက်လျက်ရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၂၄ ဒသမ ၁၈ ရာခိုင်နှုန်း မြင့်တက်မှုရှိကြောင်း အစိုးရအေဂျင်စီတစ်ခုက နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။

ဖိလစ်ပိုင်နှင့် ဥရောပသမဂ္ဂတို့ကြား ဉာဏ်ရည်တုနည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စားအုန်းဆီသည် ရာသီအလိုက် ၀ယ်လိုအား ပြန်လည်ကောင်းမွန်လာသည့်အတွက် အမြတ် အစွန်း ဆက်လက်ရရှိလျက်ရှိကြောင်း၊ စားအုန်းဆီ ကုန်သည်များသည် မလေးရှားရှိရေကြီးမှု အပါ အဝင် အာရှတစ်လွှားရှိ ထိပ်တန်း စားအုန်းဆီစိုက်ပျိုးထုတ်လုပ်သည့် အခြားသောဒေသများကို အနီးကပ် စောင့်ကြည့်နေကြကြောင်း၊ အစောပိုင်းပွဲတော်နှင့်ဆက်စပ်၍ ၀ယ်လိုအား လှုပ်ရှားမှုများ အရှိန်မြင့် တက်လာပြီးနောက် စျေးကွက်အနေအထား ပိုမိုကောင်းမွန်လာကြောင်း မလေးရှားနိုင်ငံ အခြေစိုက် Business Today သတင်းဌာနက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖော်ပြထားသည်။

ဗီယက်နမ်မှ ပိန္နဲသီးများအား တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် တင်ပို့မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းစနစ် အခြေပြစာချုပ်ကို ဗီယက်နမ်နှင့် တရုတ်နှစ်နိုင်ငံကြား ချုပ်ဆိုထားကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရှိရပါသည်။

ယခုနှစ်တွင် ဖိလစ်ပိုင်သို့ တင်ပို့မှု သိသာစွာကျဆင်းခဲ့သဖြင့် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု သည် ၁၁.၅ ရာခိုင်နှုန်းလျော့နည်းလျက် မက်ထရစ်တန် ၈ သန်းဝန်းကျင်ခန့်သာရှိမည်ဟု ခန့်မှန်း ရကြောင်း ဗီယက်နမ် စားသောက်ကုန်အသင်း ဥက္ကဋ္ဌက ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ၌ ကောက်ပဲသီးနှံထုတ်လုပ်မှုနှင့် အပင်ကာကွယ်ရေးဦးစီးဌာနသည် မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသအတွက် အရည်အသွေးမြင့်မားပြီး မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါး သည့် စပါးစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများကို ထုတ် ပြန်ခဲ့သည့်နည်းတူ စိုက်ပျိုးရေးပတ်ဝန်းကျင်ဆိုင်ရာ သုတေသန သိပ္ပံဌာနကလည်း ယင်းဒေသ အတွင်း အဆိုပါ ဆန်စပါးစိုက်ပျိုးမှုအတွက် တိုင်းတာခြင်း၊ အစီရင်ခံခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာ ထုတ်လွှတ်မှုနည်းသောဆန်များ စိုက်ပျိုးမှုကို တိုင်းတာခြင်း၊ အစီရင်ခံခြ

