ပြည်ပကုန်သွယ်မှုသတင်းများ
Vietnam Prosperity Bank မှ ပိုင်ဆိုင်သော စတော့ပွဲစားကုမ္ပဏီ VPBank Securities သည် ယခုလနောင်းပိုင်းတွင် ကနဦးအများပြည်သူကမ်းလှမ်းမှုတစ်ခု၌ အမေရိကန်ဒေါ်လာ ၄၈၁ သန်းခန့် မြှင့်တင်ရန် ရည်မှန်းထားကြောင်း အဆိုပါဘဏ်က အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ VPBank Securities သည် IPO တွင် ရှယ်ယာပေါင်း ၃၇၅ သန်းခန့် ၂၅ ရာခိုင်နှုန်းအား ပေးဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ ကမ်းလှမ်းမှု ကို ရှယ်ယာ တန်ဖိုးတ


တရုတ်နိုင်ငံ၏ ကုန်သွယ်မှုဝန်ဆောင်မှုသည် ယခုနှစ် ပထမ ၈ လအတွင်းတွင် တည်ငြိမ် သော တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး စုစုပေါင်း သွင်းကုန်နှင့် ပို့ကုန်ပမာဏသည် ယွမ် ၅.၂၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၃၉ ဘီလီယံခန့်) ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၇.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ကင်ညာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် ဒုတိယ သုံးလပတ်တွင် ၅.၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလက ၄.၆ ရာခိုင်းနှုန်းမှ တိုးတက်လာကြောင်း ကင်ညာ အမျိုးသားစာရင်းအင်းဌာန (KNBS) က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ကုန်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ အပေါ် မှီခိုနေရသော စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအားနည်းလာခြင်းကြောင့် သြဂုတ်လ တွင် ကျဆင်းလာခဲ့ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

Bank Indonesia (BI) က ဩဂုတ်လတွင် နိုင်ငံ၏ ကုန်သွယ်ရေးပိုငွေရရှိမှုကြီးထွားလာ ခြင်းသည် အင်ဒိုနီးရှား၏စီးပွားရေးကြံကြံခံနိုင်မှုဆက်လက်အားကောင်းစေမည့် အပေါင်းလက္ခ ဏာဆောင်သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Statistics Indonesia (BPS) က ထုတ်ပြန်သည့်အချက်အလက်အရ ဩဂုတ်လတွင် နိုင်ငံသည် စံချိန်တင်ကုန်သွယ်ရေး ပိုငွေ အမေရိကန်ဒေါ်လာ ၅.၄၉ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ BI ၏

အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ကနေဒါ၊ ဥရောပသမဂ္ဂတို့နှင့် လက်မှတ်ရေးထိုးခဲ့သည့် ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (CEPA) သည် ကမ္ဘာ လုံးဆိုင်ရာဈေးကွက်တွင် အင်ဒိုနီးရှား၏ကုန်သွယ်ရေးတည်ရှိမှုကို အားကောင်းစေရန် အားထုတ် မှု၏ အစဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုရီးယားနိုင်ငံမှအဓိကလုပ်ငန်း ၂ ခုဖြစ်သည့် Lotte Chilsung Beverage နှင့် SEP Cooperative တို့သည် ဗီယက်နမ်နိုင်ငံ Can Tho မြို့တော်တွင် အကြီးစားစီမံကိန်း ၂ ခုအတွက် ဆန်းစစ်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း သိရပါသည်။ ၎င်းတို့တွင် သစ်သီးဖျော်ရည် ပြုပြင် ထုတ်လုပ်သည့်စက်ရုံနှင့

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh သည် မြောက်ပိုင်းဆိပ်ကမ်းမြို့တော် Hai Phong မြို့တော်ရှိ Tan Trao စက်မှုဥယာဉ် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း( ပထမ အဆင့်) နှင့် Hai Phong LNG စွမ်းအင်သုံးစက်ရုံတို့၏ ပဏ္ဍပ်ချပွဲအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့ကတက်ရောက်ခဲ့ကြောင်း သိရပါသည်။

ကမ္ဘာ့ထိပ်တန်းနေကြာဆီထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော ရုရှားနိုင်ငံသည် အိန္ဒိယသို့ ၎င်း၏ နေကြာဆီတင်ပို့မှုကိုတိုးမြှင့်ရန် ရည်ရွယ်လျက်ရှိကြောင်း ရုရှားနိုင်ငံ ပိုင် စိုက်ပျိုးရေးပို့ကုန် အေဂျင်စီမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ စွမ်းအင်များကို အဓိက ဝယ်ယူသူဖြစ်ပြီး ဝယ်ယူမှုများကို ထိန်းချုပ်ရန် အိန္ဒိယနိုင်ငံအပေါ် အမေရိကန်၏ဖိအားပေးမှု များရှိနေသည့်

ဂျပန်နိုင်ငံရှိ နိုင်ငံတစ်ဝန်းရှိ စတိုးဆိုင်များ၏ ရောင်းအားသည် သြဂုတ်လတွင် တစ်နှစ်ထက် တစ်နှစ် ၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ခုနစ်လအတွင်း ပထမဆုံးတိုးလာကြောင်း Japan Department Stores Association မှ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအပေါ် ချမှတ်ထား သော အပြန်အလှန်အကောက်ခွန်များထက် အောက်တိုဘာ ၁ ရက်မှ စတင်ကာ သီးခြား ကုန်ပစ္စည်းများ ပေါ်တွင် အခွန်များကောက်ခံသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့ တွင် ကြေညာခဲ့သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ကုမ္ပဏီတစ်ခုမှ ၎င်းတို့၏ ဆေးဝါးထုတ်လုပ်ရေး စက်ရုံကို အမေရိကတွင် မတည်ဆောက်ပါက ကုန်အမှတ် တံဆိပ် သို့မဟုတ် မူပိုင်ခွ

